Arc 5.4

4.7K 459 6
                                    







နေရောင်နွေးနွေးလေးက ပြတင်းပေါက်ကနေတစ်ဆင့် ပိုင်ဝူယောင်ရဲ့မျက်နှာနုနုလေးပေါ်သို့ ဖြာကျလာချိန်မှာတော့ သူဟာစိတ်လက်ပေါ့ပါးစွာနဲ့ နိုးထလာသည်။လက်နှစ်ဖက်ကိုဆန့်တန်းပြီး သန်းဝေကာ ခေါင်းကိုဘယ်ပြန်ညာပြန်လှည့်ကာအကြောလျှော့လိုက်သည်။

" ဒီနေ့ရုံးမသွားရဘူးဘဲ ...ပျော်စရာကြီး "


သွားတိုက်ကာကိုယ်လက်သန့်စင်ပြီးတာနဲ့ မနက်စာ စားဖို့ သွားဝယ်ရမည်။ သူနေတဲ့တိုက်ခန်းကအိပ်ခန်းနှစ်ခန်း၊မီးဖိုခန်းနဲ့ ဧည့်ခန်းတို့ပါကာ သူ့လိုတစ်ယောက်သမားအတွက်အတော်သင့်တော်သည်။ပိုင်ဝူယောင်သည် ဧည့်ခန်းကိုဖြတ်လျှောက်ရင်း သူ့တိုက်ခန်းဟာပုံမှန်နဲ့မတူဘဲထူးဆန်းနေတာကိုသတိထားမိသည်။မနေ့ညကအတော်နောက်ကျမှပြန်လာတာကြောင့်ပစ္စည်းတွေမသိမ်းမိခဲ့ပေ။အခုကြည့်လိုက်တော့ ပစ္စည်းတွေအားလုံးသူ့နေရာသူရှိနေကာ ဧည့်ခန်းစားပွဲသည်လည်း သန့်ရှင်းတောက်ပြောင်နေသည်။


" ဟင်! မွှေးလိုက်တာ ...ဘယ်ကလဲ ?"


နှာဖျားဝသို့ဝေ့သီလာတဲ့ အနံ့လေးဟာမွှေးလွန်းတာကြောင့် ပိုင်ဝူယောင်သည်သူ့ကိုယ်သူမထိန်းချုပ်နိုင်ဘဲ မီးဖိုခန်းဆီသို့ခြေလှမ်းမိသွားသည်။ အခန်းဝကနေမြင်လိုက်တာတော့ ဟင်းပွဲတွေချနေတဲ့ ကျယ်ပြန့်တဲ့ ကျောပြင်ကြီး ။ ငါ့အိမ်ကို ဒီလောက်ခန့်ညားတဲ့ယောကျာ်း ဘယ်ကဘယ်လိုရောက်လာတာလဲဟ !


အနောက်ဘက်ကခြေသံဖျော့ဖျော့လေးကိုကြားသည်နှင့် ချင်းယွီသည်ပြုံးလိုက်ပြီး babyလေးနဲ့မျက်နှာချင်းဆိုင်လိုက်သည်။သူ့မျက်နှာကိုမြင်တော့ တော်တော်အံ့သြသွားသည်ထင်။ ပါးစပ်လေးက ဟနေသည်မှာ အထဲကလျှာနီနီလေးကိုပင်မြင်နေရလေသည်။

" ခင်..ခင်များ ဘယ်လိုလုပ် ကျွန်တော့်အိမ်ကိုရောက်လာတာလဲ ?"


" ဘယ်လိုရောက်လာတယ်ထင်လို့လဲ ?"

ပိုင်ဝူယောင်သည်မျက်မှောင်ကြုပ်လိုက်ပြီး –

" ဘယ်လိုပဲရောက်လာရောက်လာ ခင်များကို ကျုပ်အိမ်ကမကြိုဆိုဘူး "


Blue eye (system)Where stories live. Discover now