Arc 3.10

5.9K 483 6
                                    

နူးညံ့နွေးထွေးသောနေရောင်ခြည်လေးသည် အခန်းပြတင်းပေါက်နေ ကုတင်ပေါ်မှာအိပ်နေတဲ့လူသားနှစ်ယောက်ဆီသို့ ဇာကန့်လန့်ကာကနေဖြတ်ပြီးကျရောက်လာသည်။

ထန်ချင်းဟောင်က ရီဝေနေသောသူ့ရဲ့စိတ်ကိုကြည်လင်အောင် ခေါင်းကိုလက်နဲ့အနည်းငယ်ဖိနှိပ်ရန်ပြင်လိုက်သည်။သူလက်လှုပ်ရန်ပြင်လိုက်ပေမယ့် သူကတစ်စုံတစ်ယောက်ကိုတင်းတင်းကြပ်ကြပ်ဖက်တွယ်ထားသည်။

ရင်ခွင်ထဲက အဖြူလုံးလေးကို ငုံ့ကြည့်ပြီး သူ့ရဲ့အေးစက်တဲ့မျက်နှာသေပေါ်မှာ နွေးထွေးသော အပြုံးလေးတစ်ခုပေါ်လာသည်။

ကောင်းလိုက်တာ ......ချူးဟန်ကိုသူအပိုင်သိမ်းနိုင်ခဲ့ပြီ !!!!!

ချူးဟန်ကသူ့အပိုင် !!သူတစ်ယောက်တည်းပိုင်တဲ့လူသားလေး !!!

ကိုယ်ကိုအနည်းငယ်စောင်းလိုက်ပြီး ချူးဟန်ရဲ့နဖူးလေးကို ညင်ညင်သာသာလေးနမ်းရှိုက်လိုက်သည်။ ထို့နောက်သူသိပ်သဘောကျရတဲ့   ကြည်ပြာရောင်မျက်ဝန်းလေးတွေက မှိတ်ထားပေမယ့် သူနှုတ်ခမ်းလေးတွေနဲ့ နူးညံ့စွာဖိကပ်လိုက်သည်။ ပြီးတော့အိစက်နုထွေးနေတဲ့ ပါးပြင်လေးနှစ်ဖက် ထို့နောက် နီရဲပြီးဖောင်းအိနေတဲ့နှုတ်ခမ်းသားလေးကိုအပေါ်တစ်လှည့် အောက်တစ်လှည့် နမ်းရှိုက်နေမိသည်။

မျက်နှာတစ်ခုလုံးစိတ်ကြိုက်နမ်းပြီးမှ ထပ်မံပြီး ရင်ခွင်ထဲသို့တင်းကြပ်စွာဖက်ထားလိုက်သည်။

" အင်း .....ဘာလို့အရမ်းဖက်ထားတာလဲ အသက်ရှုကြပ်တယ် "

ထန်ချင်းဟောင်က လီချူးဟန်ရဲ့အသံလေးကို ပြုံး၍နားထောင်နေပြီး အသက်ရှူကြပ်တယ်လည်းဆိုရော အထိပ်တလန့်ဖြစ်သွားကာ ကမန်းကတန်းနဲ့ သူ့လက်ကိုဖြေလျှော့လိုက်သည်။

" အာ ..... မောင်တောင်းပန်ပါတယ် ...အခုလျှော့လိုက်ပြီ နော် "

" အင်း "

" အချစ်လေး ...."

" ဟင် "

" နာသေးလား ?? "

ထိုတော့မှ လီချူးဟန်သည် အိပ်ချင်မူးတူးဖြစ်နေရာမှ ခေါင်းကို ဆတ်ခနဲထောင်လိုက်သည်။ထို့နောက် ထန်ချင်းဟောင်ရဲ့ ရင်ခွင်ထဲကနေ ရုန်းထွက်လိုက်ပြီး နှုတ်ခမ်းကိုဆူကာ တစ်ဖက်ခြမ်းသို့လှည့်သည်။

Blue eye (system)Where stories live. Discover now