Arc4.5

5K 491 6
                                    

" မြို့တော်အရှင်နဲ့ကြင်ယာတော်ကိုကြိုဆိုပါတယ် "

ထိုအသံသေးသေးလေးဘယ်ကလာလည်းဆိုတာကိုသူတို့နှစ်ယောက်သေချာလေ့လာချိန်မရလိုက်ပါဘဲနဲ့ မဲနက်နေတဲ့တြိဂံပုံစံကျောက်သားပေါ်ကကြက်ခြေခတ်ပုံစံထောင်ထားတဲ့ ပုံစံတူဓါးနှစ်လက်ပေါ်သို့အာရုံရောက်သွားသည်။

ထိုဓါးနှစ်လက်သည်ပင်လယ်ရေလိုအပြာရောင်ဝိဥာဥ်ချီနဲ့မီးလိုအဝါဖျော့‌ဖျော့ဝိဥာဥ်ချီတို့ယှက်ဖြာဝန်းရံလျှက်သူတို့မိသားစုဝင်ကိုတွေ့လိုက်ရသလိုမျိုး ပျော်ရွှင်မြူးထူးစွာခုန်ပေါက်လှုပ်ရှားနေသည်။

ထိုအချိန်မှာပင်သူတို့နှစ်ယောက်ရဲ့အရှေ့သို့မှုန်ဝါးသောအရာလေးတစ်ခုရောက်ရှိလာသည်။ထိုအရာလေးသည်တဖြေးဖြေးနဲ့ထင်ရှားလာပြီး
အဖြူရောင်ဆံနွယ်ရှည်တွေနဲ့ကလေးတစ်ယောက်အဖြစ်ပေါ်ပေါက်လို့လာသည်။

" မြို့တော်အရှင်နှင့်ကြင်ယာတော်ကိုဂါရဝပြုပါတယ် "

ထိုကလေးလေးဟာသူ့ရဲ့လက်နှစ်ဖက်ကိုယှက်ဖြာလျက်ကိုယ်ကိုကိုင်းကာဂါရဝပြုလာသည်။

ဝမ်လီဖေးကကြောင်အသွားပြီးဘာမှမပြောနိုင်ဖြစ်နေပေမယ့် ထျန်းလော့ကတော့ သတိရှိစွာနဲ့ ဝမ်လီဖေးကို သူ့ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်ပြီး သူ့အရှေ့က လူသေးသေးလေးကအန္တရာယ်တစ်ခုခုပြုလုပ်လာပါကကာကွယ်ရန်အသင့်ပြင်ထားလိုက်သည်။

ဆံနွယ်ဖြူရှင်ကောင်လေးကတော့ သူ့အရှင်ရဲ့ မှတ်ဥာဏ်တွေမရှိတာတောင် ကြင်ယာတော်အပေါ်မပြောင်းလဲတဲ့အချစ်တွေနဲ့ အလွန်အမင်းကာကွယ်ပိုင်စိုးလိုသည့်ပုံစံတို့ကြောင့် မျက်လုံးလှည့်လိုက်မိသည်။

" ဟေ့ ကလေးလေး! မင်းကဘယ်ကရောက်လာတာလဲ ? ဒီနေရာနဲ့ဘယ်လိုပတ်သက်လဲ ?"

ရှံ့တွနေတဲ့မျက်နှာသေးသေးလေးက လူကြီးတစ်ယောက်လိုမျိုးမျက်လုံးလှည့်လိုက်တဲ့ပုံစံလေးကချစ်ဖို့ကောင်းလွန်းတာကြောင့် ဝမ်လီဖေးကအသည်းယားစွာဖျစ်ညစ်ချင်လိုက်ပေမယ့် သူ့ခါးကိုမြဲမြံစွာဆုပ်ကိုင်ထားတဲ့ ထျန်းလော့ကြောင့် နေရာမှမလှုပ်နိုင်ဘဲစကားသာပြောလိုက်နိုင်သည်။

Blue eye (system)Where stories live. Discover now