Arc 4.15 ( End )

4.5K 422 12
                                    


သုံးရက်မြောက်ဖြစ်နေပြီ ။ဒီနေရာကနေ လွတ်မြောက်ဖို့အမျိုးမျိုးကြိုးစားပေမယ့်ထွက်ပြေးဖို့ကြံတိုင်း ဟန်ဝေ့လုံနဲ့အမြဲတိုးနေတာကြောင့် သူ့ရည်ရွယ်ချက်မအောင်မြင်ခဲ့ပေ။ နောက်ဆုံးမှာတော့ system လေးကိုသာ အားကိုးဖို့ဆုံးဖြတ်လိုက်သည်။

' တံခွန် ငါ့ရှိနေတဲ့ နေရာကို ထျန်းလော့သိအောင်ဘယ်လိုလုပ်ရမလဲ ?'

[ အရင်က hostကို သူပေးဖူးတဲ့ အဆောင်ကိုမှတ်မိလား ? အဲ့ဒါရှိရင်ရပြီ ]

' အာ ...အဲ့ဒါကအခုဘယ်မှာလဲမသိဘူး!!! ငါဒီနေရာကိုရောက်ကတည်းက မတွေ့တော့တာ ကြည့်ရတာ ဟန်ဝေ့လုံတစ်နေရာရာလွှတ်ပစ်လိုက်တာလား ?ဖျက်ဆီးပစ်တာလား? တစ်ခုခုဘဲ '


[ host ခနစောင့် ]

Systemလေးကပြောလည်းပြော အနားကနေချက်ချင်းပျောက်သွားသည်။

မြှောင် ~~~

ခနအကြာမှာကြောင်ဖြူလုံးလုံးလေးကအဆောင်ကြိုးအနီလေးကိုကိုက်ချီကာ ဝမ်လီဖေးအနားသို့ရောက်လာသည်။

" တံခွန် "

[ အဲ့ဒီ ဟန်ဝေ့လုံကတော်တော်ဆိုးတာဘဲ ! ပစ်စရာရှားလို့ ချောက်ထဲပစ်ချရတယ်လို့ ]

' ဟားဟား အဲ့တော့ ဒီအဆောင်ကြိုးကိုချောက်ထဲထိ ဆင်းကောက်ခဲ့ရတာပေါ့ '

[ host !ကျွန်တော်ကိုမရယ်နဲ့ဗျာ hostကြောင့်မို့လို့သာ ဒီလောက်ထိ ဒုက္ခခံနေတာဗျ ]

' ဟုတ်ပါပြီ ဟုတ်ပါပြီ ငါတို့မိသားစုရဲ့ system လေးက အတော်ဆုံး ၊အလိမ္မာဆုံး ၊ ချစ်စရာအကောင်းဆုံးပါ '

[ ဟွန့် ! သိရင်လည်းပြီးတာဘဲ ]



ဝမ်လီဖေးသည် အဆောင်ကို လက်မှာပြန်ဝတ်ဖို့လုပ်ပေမယ့် ဟန်ဝေ့လုံ မြင်မှာစိုးတာကြောင့် အင်္ကျီရင်ဘတ်ကြားထဲ ဝှက်ထားလိုက်သည်။

" ဟွား ~~ ကိုယ်မင်းကြိုက်တတ်တဲ့ အသီးတွေယူလာတယ် လာပြီးမြည်းကြည့်ပါဦး "

လူမရောက်ခင်တည်းက အသံအရင်ရောက်လာတဲ့ ပြန်လည် ရှင်သန်လာတဲ့ မိစ္ဆာ ဘုရင်ပါလေ။ဟန်ဝေ့လုံသည်တက်ကြွသောအသံနှင့် ပြုံးရွှင်နေလျက် သစ်သီးဗန်းကို ကိုင်၍ဝင်လာသည်။သစ်သီးတွေမှာဘာပြသနာမှမရှိတာသေချာမှ ဝမ်လီဖေးသည် စပြီးစားတော့သည်။

Blue eye (system)Where stories live. Discover now