Arc 3.2

6.5K 586 10
                                    

ထန်ချင်းဟောင်က သူ့ပုခုံးပေါ်မှာငြိမ်ငြိမ်လေး လိုက်လာတဲ့ ကောင်လေးကြောင့် သူသဘောတကျပြုံးမိသွားသည်။ထန်ချင်းဟောင်က လီချူးဟန်ကိုသယ်လာတဲ့လမ်း‌တစ်လျှောက်က စစ်သားတွေနဲ့ အစေခံတစ်ချို့ဟာ ထန်မင်းကြီးရဲ့အပြုံးကိုတွေ့လိုက်တာကြောင့် အံ့ဩတစ်ကြီးဝိုင်းကြည့်နေကြသည်။သို့ပေမယ့် ထန်ချင်းဟောင်ရဲ့စူးရှတဲ့အကြည့်တစ်ချက်ကြောင့် အကုန်လုံးက မကြည့်ရဲတော့ဘဲခေါင်းငုံ့သွားသည်။

ထန်ချင်းဟောင်ကသူ့ရဲ့ရွက်ဖျင်တဲသို့ရောက်သောအခါ လီချူးဟန်ကို နူးညံ့တဲ့အနီ‌ရောင်ကတ္တီပါသားခင်းထားတဲ့ သလွန်ပေါ်သို့တင်လိုက်သည်။ ထို့နောက် သူ့ကိုယ်ရံတော်ဘက်ကိုလှည့်ကာအမိန့်ပေးလိုက်သည်။

" မင်ဝူ .... သမားတော်ကိုအမြန်သွားခေါ်စမ်း !! မြန်မြန်နော် ! "

" ဟုတ်ကဲ့ "

မင်းကြီးကိုပြန်ဖြေပြီးတာနဲ့ ကိုယ်ရံတော် ဟာလှစ်ခနဲ တဲပြင်သို့ ပြေးထွက်သွားသည်။

" ဘာမှမဖြစ်ဘူးလို့ပြောနေတယ်လေ ! "

လီချူးဟန်က စိတ်မရှည်စွာအော်လိုက်သည်။ သူကsystemကို ကိုယ်ခံစွမ်းအားမြှင့်တင်ခိုင်းလို့ရတာကြောင့် ထန်ချင်းဟောင်လုပ်နေတာက သူ့အတွက်တော့အပိုတစ်ခုလိုပင်။

" အို  တကယ်ဘာမှမဖြစ်တာလား? ဒါဆိုစောနကလဲကျတာဘယ်သူပါလိမ့်နော် !! ဒါမှမဟုတ် ကိုယ်ရောက်နေမှန်းသိလို့ ကိုယ့်ရင်ခွင်ထဲဝင်ချင်လို့ ဂွင်ဆင်တာများလား ? "

" ခင်များပါးစပ်က ဒီလိုအရှက်မရှိတဲ့စကားတွေလည်းပြောထွက်တာဘဲလား??  "

ထန်ရှင်းဟောင်ကမရိုမသေနဲ့ ခင်များလို့ခေါ်ကာ ရန်တွေ့နေတဲ့သူလေးကိုချော့ပြောနေရသည်။ သူလေးနေရာမှာ တစ်ခြားသူသာဆိုရင် သူ့ရဲ့လက်စွဲတော်ဓါးကိုထုတ်ကာ ချက်ချင်းခေါင်းဖြတ်ပစ်မှာပင်။ သူလေးကိုတော့ ခေါင်းဖြတ်ဖို့မပြောနဲ့ သူကြမ်းကြမ်းတမ်းတမ်းကိုင်လိုက်ရင်‌တောင်ပွန်းပဲ့သွားမှာကိုစိုးရိမ်နေမိသည်။

"  ခေါင်းမမာပါနဲ့ကွာ ...နော် သမားတော်ကိုကြည့်ခိုင်းလိုက်ပါ.... လိမ္မာတယ်‌လေနော်"

Blue eye (system)Where stories live. Discover now