Arc 6.5

2.8K 291 12
                                    


Unicode





မော်ဘလိတ်ဒီနေ့တော့ လေ့ကျင့်ရေးကိုအားစိုက်ပြီးလုပ်နေရသည်။မလုပ်လို့လည်းမရဘူးလေ မနေ့ကသူ့တင်ပါးမှာလက်ရာကြီးထင်တဲ့အထိ အရိုက်ခံလိုက်ရတယ်။ဒါတွေအားလုံးကိုသူအတိုးနဲ့မှတ်ထားတယ်။မနေ့ကလေ့ကျင့်ရေးကိုတမင်သက်သက်ပျက်ကွက်ခဲ့တာဖြစ်ပြီး ဒါကဂျက်ဖရီကိုစိတ်အနှောက်အယှက်ပေးဖို့အစီအစဥ်တွေထဲကတစ်ခုဖြစ်သည်။ဒီထက်ပိုပြီးဆရာကျတဲ့အကွက်တွေကိုတွေးမိပေမယ့် အခုခန္ဓာကိုယ်က ကလေးအရွယ်ဖြစ်တာကြောင့် အရွယ်နဲ့မလိုက်တဲ့ လှုပ်ရှားမှုမျိုးလုပ်ခဲ့ပါကဂျက်ဖရီရိပ်မိသွားလိမ့်မည်။ဘယ်လိုဘဲမှတ်ဥာဏ်တွေကိုချိတ်ပိတ်ထားတယ်ဘဲပြောပြော မီးနတ်ဘုရားအဖြစ်အဆင့်တက်တော့မဲ့ ဂျက်ဖရီကိုသူအထင်မသေးဝံ့ပေ။ဒါပေမယ့် မနေ့ကဂျက်ဖရီရဲ့စိတ်ပူနေတဲ့မျက်နှာလေးကိုမြင်လိုက်ရတော့ ဘာကြောင့်မှန်းမသိအလိုလိုပျော်ရွှင်လာကာ ထိုမျက်နှာလေးကိုပင်အကြိမ်ကြိမ်မြင်ယောင်လာသည်။ဖြစ်နိုင်တာကတော့ ဂျက်ဖရီစိတ်အနှောက်အယှက်ဖြစ်သွားတာကိုမြင်လိုက်လို့ဖြစ်မည်။အခုတော့သူကအခန်းထဲမှာဆရာအလာကိုထိုင်စောင့်နေရကာဒီဆရာကိုဘယ်လိုရှင်းထုတ်ရမလဲဆိုတာကိုသာတွေးနေသည်။

" ဒီအခန်းပါဆရာဖရန့် "

ချာဝီဆင်ရဲ့အသံကိုကြားလိုက်ရပြီးအခန်းတံခါးလည်းပွင့်လာသည်။

" မင်းသားငယ် ...ဒီဆရာကြီးကမင်းသားကိုစာသင်ပေးမဲ့တစ်ယောက်ပါ"


ချာဝီဆင်ကပြောလိုက်ပေမယ့် ဘာမှပြန်မပြောဘဲ မှုန်ကုပ်ကုပ်ဖြင့်သာကြည့်နေတဲ့မင်းသားကြောင့် အရှက်ပြေချောင်းဟန့်လိုက်ကာအနောက်ကပါလာတဲ့ဆရာကိုသာမင်းသားကိုဂရုစိုက်ဖို့ပြောလိုက်သည်။လိုအပ်တာတွေကိုပြင်ဆင်ပေးပြီးတာနဲ့ စာသင်ခန်းအပြင်ကိုထွက်လာတဲ့အခါ မင်းသားငယ်ကိုလာကြည့်တဲ့ မင်းသားဂျက်ဖရီနဲ့တွေ့လေသည်။


" မင်းသား "


" မော်ဘလိတ် အဆင်ပြေရဲ့လား ??"


အဖြူရောင်ဝတ်စုံကိုသန့်ရှင်းကြော့မော့စွာဝတ်ဆင်ထားတဲ့ မင်းသားရဲ့အသွင်အပြင်က မြင့်မြတ်သောနတ်ဘုရားတစ်ပါးလိုပင် မြင်တဲ့သူတိုင်းကို ကြည်လင်အေးချမ်းသောစိတ်ခံစားချက်ကိုပေးစွမ်းလေသည်။ပါးစပ်ဖျားကထွက်ပေါ်လာတဲ့ စကားသံတို့ဟာလည်း သာယာငြိမ့်ညောင်းကာ ထပ်ခါထပ်ခါနားထောင်ချင်စိတ်တွေဖြစ်ပေါ်လာသည်။



Blue eye (system)Where stories live. Discover now