Arc 7.1 ( ယန်ကျင့်ယွမ် )

1.7K 205 15
                                    


Unicode

ကမ္ဘာကူးပြောင်းမှုတွေနဲ့အတူပါလာတဲ့နောက်ဆက်တွဲ ခေါင်းကိုက်မှုကိုနေသားကျလာတဲ့ တေးရတုဟာ ယခုလည်း ခေါင်းကိုခပ်တင်းတင်းဖိထားရင်း နာကျင်မှုကိုကြိတ်မှိတ်ခံနေသည်။တံခွန်က အလိုက်တသိနဲ့ အလျှင်အမြန်ပင် ကိုယ်ခံစွမ်းအားကိုမြှင့်ပေးလိုက်တဲ့အခါ တေးရတုဟာနာကျင်မှုဒဏ်မှလွှတ်မြောက်သွားခဲ့သည်။

' ကျေးဇူးပဲ တံခွန်လေး '

[ ရပါတယ် hostနာကျင်နေတာကို ကျွန်တော်မလိုချင်ဘူး ...ပြီးတော့ကျွန်တော်ကhostနဲ့အတူလိုက်မလာနိုင်လို့ တောင်းပန်ပါတယ် ]

အရင်ကသူ့ကို အဆင့်မြှင့်ပေးရင်hostနဲ့အတူကမ္ဘာတွေကိုလိုက်လာနိုင်ပြီလို့ပြောခဲ့ပေမယ့် system ရဲ့အထက်လူကြီးက မလိုက်ရဘူးလို့တားမြစ်ထားတာကြောင့် သူလိုက်လာခွင့်မရခဲ့ပေ။အဲ့ဒါကြောင့်သူဟာအပြစ်ရှိသလိုခံစားနေရတာဖြစ်သည်။


' ကိုယ့်ကိုယ်ကို အပြစ်ရှိသလိုမခံစားပါနဲ့ အခုလည်းကောင်းပါတယ် မင်းကိုငါတစ်ယောက်တည်းမြင်ရတယ်ဆိုပေမယ့် ငါ့အနားမှာမင်းအမြဲရှိတယ်လေ '

[ host ...ကျေးဇူးတင်ပါတယ် ]


တံခွန်က မျက်ရည်တွေကျလာရင်း တေးရတုကိုပြေးဖက်လိုက်လေသည်။hostက သူ့အပေါ်နားလည်ပေးပြီး အရမ်းကောင်းတယ်။hostကတစ်ခါတစ်လေအေးစက်ပေမယ့် သူ့အပေါ်ထားတဲ့ စစ်မှန်တဲ့မေတ္တာတွေကိုခံစားမိတယ်။

' အငိုသန်လေး ငိုမနေနဲ့တော့ တိတ် တိတ် ကြောင်းချီးရုပ်လေးဖြစ်နေပြီ ဟားဟား '


တေးရတုကတံခွန်ကိုမျက်ရည်သုတ်ပေးရင်းစနှောက်လိုက်တော့ တံခွန်ကလည်း နှုတ်ခမ်းလေးဆူပုတ်ပုတ်ဖြင့် ပြန်ပြောလေသည်။

[ host လည်းငိုထားတာဘဲကို ကြောင်းချီးရုပ်လေးကိုပေါက်လို့ ]


' ဟမ် ? '

တေးရတုထိုတော့မှသူ့မျက်နှာကိုပြန်စမ်းမိလေသည်။ဟုတ်ပါရဲ့ မျက်ရည်စတွေ။ဒါကတေးရတုငိုထားတာမဟုတ်ဘဲ မူလပိုင်ရှင်ငိုထားတာဖြစ်သည်။

Blue eye (system)Where stories live. Discover now