Space

3.6K 301 7
                                    



Unicode






[ ပြန်လည်ရောက်ရှိလာတာကိုကိုကြိုဆိုပါတယ် ]


[   host ရဲ့ ကိုယ်ရေးအကျဉ်းကိုပြပါမယ်~~~~~]

နာမည်             - တေးရတု

အသက်         -၂၆

လိင်အမျိုးအစား-ကျား

အလုပ်အကိုင်   -သရုပ်ဆောင်၊စီးပွားရေးလုပ်ငန်းရှင်

တတ်မြောက်ထား သောပညာ - သရုပ်ဆောင် ၊

စီးပွားရေး၊အတိုက်အခိုက် ၊လက်နက်တီထွင်မှု ၊

ပန်းချီ ၊ ဂီတ ၊ တိရစ္ဆာန်ဘာသာစကား ၊ အဆိပ်

ပညာ ၊လူကဲခတ်ပညာ ၊နည်းပညာ

ပိုင်ဆိုင်မှု             -၊ဓားတိုတစ်ချောင်း ၊လက်ထပ်လက်စွပ် ၊ အသွင်ပြောင်းလက်ကောက်တစ်ခု

Mission point.  - 4500+200=4700points

ဝိဉာဉ်စွမ်းအား   -  300

ပြီးမြောက်သောကမ္ဘာ- 5



[ နောက်ကမ္ဘာအတွက် သင်ရမဲ့ ဘာသာရပ် တွေကတော့ စွမ်းအင်ထိန်းချုပ်ခြင်းပညာနဲ့ ဆေးပညာ ]


' စွမ်းအင်ထိန်းချုပ်ခြင်းဆိုတော့ ငါ့ကိုကျင့်ကြံရေးကမ္ဘာကိုပို့မှာတော့မဟုတ်ဘူးမလား '




[ မဟုတ်ပါဘူး နတ်ဘုရားကမ္ဘာပါ ]



' ဝိုး ....နတ်ဘုရားတွေရဲ့စည်းစိမ်ချမ်းသာကိုခံစားရတော့မှာပေါ့ '



[ ဒါပေါ့  ကျွန်တော်hostအတွက် သီးသန့်ရွေးထားတာ ]


' အင်း ....ငါမင်းကို update မြှင့်ပေးရင် point ဘယ်လောက်ကုန်မှာလဲ '


[ 2000လောက်တော့ကုန်ပါတယ်host .....တကယ်ကြီးကျွန်တော့်ကို update မြှင့်ပေးမှာလား ]


'အင်း မြှင့်လိုက် '


[System update မြှင့်နေပါသည် 1%. ..5%....16%....40%....70%....95%.....100%]


System updateမြှင့်ပြီးတာနဲ့ ကြယ်ပင်လယ်မှာတွေ့ခဲ့တဲ့ ထူးဆန်းသောကြယ်သုံးလုံးကပေါ်လာကာ ဒုတိယမြောက်အလုံးလေးကထပ်မံလင်းလက်လာသည်။ထို့နောက်တွင်တော့တေးရတုရဲ့ရှေ့မှာ16နှစ်အရွယ်ကောင်လးတစ်ယောက်ပေါ်လာသည်။

Blue eye (system)Where stories live. Discover now