Arc 2.8

5.4K 518 1
                                    


Unicode


‌" မောင်....မင်းမို့လို့ လုပ်ရက်တယ် ..... မင်းမို့လို့ငါ့ကိုအသုံးချရက်တယ်!!!"

အရပ် ၅ ပေ ၆ လက်မရှည်သောကောင်လေးဟာ သူ့ရှေ့က ၆ပေကျော် မြင့်မားတဲ့အရပ်နဲ့ တောင့်တင်းတဲ့ယောကျာ်းတစ်ယောက်ကို  ယူကြုံးမရဖြစ်စွာနဲ့ ကြေကွဲဝမ်းနည်းစွာပြော‌ဆိုနေသည်။

သို့သော် ထိုအရပ်ရှည်ရှည်နဲ့ယောက်ျားကတော့ ‌အေးစက်သောမျက်နှာကိုသာချိတ်ဆွဲ၍ ကွာရှင်းစာချုပ်ကိုရှေ့ကစားပွဲပေါ်သို့ချလိုက်ရင်း ရက်စက်စွာပြန်ပြောနေသည်။

" မင်းကိုကအရမ်းတုံးနေတာလေ....  ငါမင်းကိုဘယ်တုန်းကမှမချစ်ခဲ့ဘူး .....မင်းရဲ့ထောက်ပံ့မှုကြောင့်သာ မဟုတ်ရင် မင်းအနားကပ်တွယ်နေမယ်ထင်လား.....အခုအားလုံးပြီးပြီမို့ ဒီစာချုပ်မှာလက်မှတ်‌ထိုးပေး... "

ထိုကောင်လေးဟာ အရာရာကိုစ‌တေးပြီး‌ပေးဆပ်ထားတဲ့ချစ်ရသူဟာ သူ့အပေါ်ဒီလိုသွေးအေးစွာနဲ့ ကွာရှင်းဖို့အကြောင်းကို ပြောမယ်လို့မထင်ထားတာကြောင့်အံ့ဩစွံ့အသွားသည်။

" မောင်.... ငါကမင်းအတွက်နဲ့ အရာအားလုံးကိုစွန့်လွှတ်ခဲ့ပြီး မင်းတစ်မျက်နှာတည်းကြည့်ပြီး ရှင်သန်လာခဲ့တဲ့သူပါ...မင်းမို့လို့ဟာ.... "

အဖြူ‌ရောင်ရှပ်လက်ရှည် နဲ့ ဆံပင်ကိုသပ်ရပ်စွာလှန်တင်ထားပုံမှာ ချစ်စရာမျက်နှာလုံးလုံးလေးနဲ့ ဆန့်ကျင်ဘက်ဖြစ်ကာ ကလေးလူကြီးလေးလိုဖြစ်နေတဲ့ ကောင်လေးဟာ သူ့ရှေ့ကယောက်ျားတစ်ယောက်ကို နာကျင်စွာ ပြောဆိုနေသည်။

သူ့ရဲ့crystalလိုကြည်လင်နေတဲ့ အပြာရောင်မျက်ဝန်းအိမ်ဟာ နာကျည်းမှုကြောင့်အရောင်ပိုတောက်နေခဲ့သည်။ သူ့ရဲ့နှုတ်ခမ်းပါးပါးဟာ ပြတ်သားတဲ့စကားလုံးတို့ထွက်ကျလာပြီး သူ့ရဲ့အသံဟာလည်း အက်ကွဲဆို့နင့်နေသည် ။

" မောင်.......ငါမင်းကိုသိပ်မုန်းတယ် !! ငါမင်းကိုဘယ်တော့မှ ခွင့်မလွှတ်ဘူး!!! "

စာချုပ်ပေါ်မှာလက်မှတ်ထိုးကာထွက်သွားသော ကောင်လေး......ထို့နောက် တဖြည်းဖြည်းဝေးကွာသွားသောကျောပြင်လေး.....

Blue eye (system)Where stories live. Discover now