Arc 4.12

4.2K 432 8
                                    


တစ်ယောက်ပြီးတစ်ယောက်ယှဥ်ပြိုင်လာပြီးတော့ ၁၀ပွဲမြောက်မှာထျန်းလော့အလှည့်ရောက်လာသည်။ထျန်းလော့သည်ဝမ်လီဖေးရဲ့ဘေးနားကနေထွက်ခွာသွားရမှာကိုပင်တွန့်ဆုတ်နေကာအချိန်ခနအကြာမှသာပြိုင်ပွဲစင်ပေါ်သို့ခုန်သွားသည်။ထျန်းလော့အတွက်ကတော့ ပြိုင်ပွဲဟာချစ်ရသူဘေးနားမှာနေရတာလောက်တောင်စိတ်လှုပ်ရှားဖွယ်မကောင်းပေ။သူ့ရဲ့စိတ်အခြေအနေမကောင်းသောကြောင့်သူ့ရဲ့မျက်နှာသည်လည်း ပုံမှန်ထက်တည်ကာ ပိုပြီးတော့အေးစက်နေလေသည်။

" တိုက်မှာလားမတိုက်ဘူးလား ?"

ရေခဲမျက်နှာဖုံးဝတ်ထားသလားထင်ရတဲ့ ထျန်းလော့ရဲ့အေးစက်စက်အကြည့်ကို သနားစရာပြိုင်ဘက်လေးခမျာရင်ဆိုင်နေသည်။နဂိုတည်းကသတ္တိနည်းသူဖြစ်ပြီး နှလုံးသားမရှိတဲ့ထျန်းလော့နဲ့ရင်ဆိုင်ရသောအခါ သူ့ခမျာလှုပ်တောင်မလှုပ်ရဲတော့ပေ။ဒါကိုဘဲထျန်းလော့ကစိတ်မရှည်တော့ကြောင့် မေးလိုက်တော့ ကောင်လေးကကြောက်လန့်ကာစင်ပေါ်ကပြေးသွားတော့သည်။


" ဟား ဟား ဟား "

ဝမ်လီဖေးသာမက တစ်ခြားသောလူအုပ်ကြီးကလည်း ထိုကောင်လေးရဲ့ကြောက်လန့်သွားပုံလေးဟာ ချစ်စဖွယ်လေးဖြစ်နေတာကြောင့် ရယ်လိုက်ကြမိသည်။အနားကိုပြန်ရောက်လာတဲ့ ထျန်းလော့ရဲ့လက်ကိုကိုင်လိုက်ပြီး အရယ်တစ်ဝက်နဲ့ပြောသည်။

" ခင်များရယ် ဒီမျက်နှာတည်တည်ကြီးကိုလည်းနည်းနည်းလျှော့ပါဦးကွာ.... သူများတွေကြောက်လန့်ကုန်ပြီ "

" မောင့်အချစ်ရှေ့မှာကလွဲပြီး ဘယ်သူ့ရှေ့မှမနူးညံ့တတ်ဘူး အချစ်ရယ် "

" အဟမ်း "

ဝမ်လီဖေးသည် ချောင်းတစ်ချက်ဟန့်ကာ ဘာမှပြန်မပြောသော်လည်း သူ့ရဲ့အပြုံးဟာ ထိုစကားကိုအရမ်းကြိုက်မှန်းဖော်ပြနေသည်။


" နံပါတ်စဥ် ၂၅၊ နံပါတ်စဥ် ၃၅ ယှဥ်ပြိုင်ရန် စင်ပေါ်သို့တက်လာပါ "



" ရှောင်အန်းကျစ်ကြီးလား? "

ပျင်းစရာကောင်းတဲ့ပြိုင်ပွဲကြောင့် ပျင်းရိနေတဲ့ဝမ်လီဖေးရဲ့မျက်ဝန်းအစုံဟာ စင်ပေါ်တက်သွားတဲ့ ရှောင်အန်းကျစ်ကြောင့် စိတ်ဝင်စားဟန်ပြောင်းသွားသည်။ရှောင်အန်းကျစ်ရဲ့တစ်ဖက်ကပြိုင်ဘက်ဟာ ကျင်းယွဲ့ဂိုဏ်းမှ ဂိုဏ်းချုပ်ရဲ့တပည့်ရင်းဖြစ်ပြီး ထိုသူ၏အရည်အချင်းဟာ ပေါ့သေးသေးမဟုတ်ပေ။ထိုလိုအရည်အချင်းရှိသောသူနဲ့ပြိုင်တာတောင် ရှောင်အန်းကျစ်ကသူ့ရဲ့စွမ်းအားတွေအကုန်ထုတ်မသုံးဘူးလို့ထင်သူဘာလို့ထင်နေလဲမသိပေ။နောက်ဆုံးမှတော့ရှောင်အန်းကျစ်ဘဲအနိုင်ရရှိသွားကာ ကျင်းယွဲ့ဂိုဏ်းချုပ်ကြီး၏မျက်နှာမှာ မည်းပုတ်သွားသည်။

Blue eye (system)Where stories live. Discover now