Arc 5.10

3.7K 346 8
                                    


Unicode


"SOGဂိုဏ်းခေါင်းဆောင် ချင်းယွီပါ "

မင်ရှန်းပြောပြီးတဲ့နောက်မှာ အရှေ့ကသားအဖနှစ်ယောက်ရဲ့ မျက်နှာအရိပ်အခြေကိုအကဲခတ်လိုက်သည်။သခင်လေးပိုင်က ကျေနပ်နေတဲ့အပြုံးကြီးနဲ့ bossကိုခပ်ထေ့ထေ့ကြည့်နေပြီး bossကတော့ သူ့သားကချင်းယွီရဲ့အထိမခံလေးဖြစ်နေတာကိုမထင်မှတ်ထားစွာဖြင့် တအံ့တသြဖြစ်နေသည်။တစ်ဆက်တည်းမှာပင် ဆူညံလှတဲ့သတိပေးချက်သံတွေဟာမြေအောက်အဆောက်အဦးထဲတွင်ဆူညံစွာထွက်ပေါ်လာသည်။

သွားပြီ! မြေအောက်အဆောက်အဦးရဲ့ လုံခြုံရေးစနစ် ကျိုးပေါက်သွားပြီ !

" သွားရအောင် ..."

ရီဝူရွှမ်းကထိုသို့ပြောကာ လက်ထိပ်တစ်ခုကိုထုတ်ကာ ပိုင်ဝူယောင်ရဲ့လက်နှစ်ဖက်တွင် တပ်လိုက်တော့ ပိုင်ဝူယောင်ရဲ့မျက်နှာကြီးဟာရှုံ့မဲ့သွားသည်။သူ့လိုစုံထောက်တစ်ယောက်ကဒါကြီးကိုဝတ်ချင်မနေပါဘူးနော်။

xမြို့တော်ရဲ့ဝင်ပေါက်သို့ရောက်သောအခါ အနက်ရောင်ဝတ်ဆုံတွေကိုဝတ်ဆင်ထားကာ SUGဆိုတဲ့စာတန်းပါတဲ့ marskအနက်ရောင်ကို တပ်ဆင်ထားပြီး လက်နက်ကိုင်ထားသော လူအယောက်၅၀ကျော်ရှေ့တွင် ချင်းယွီကခက်ထန်သောအမူအယာဖြင့်ရပ်နေကာ ဘေးပတ်ပတ်လည်တွင်လည်းအေးစက်ပြင်းထန်သောအရှိန်အဝါတို့ထုတ်လွှတ်နေသည်။

ချင်းယွီရဲ့အသက်အန္တရာယ်ရှိနေချိန်မှသာထုတ်သုံးတဲ့ အထူးလျှို့ဝှက်ကိုယ်ရံတော်တွေကိုမြင်လိုက်ရတာကြောင့်ရီဝူရွှမ်းမျက်ခုံးပင့်လိုက်မိသည်။

ချင်းယွီက ဒီကောင်လေးအတွက်နဲ့ သူ့ရဲ့အင်အားတွေအကုန်ထုတ်သုံးနေတာဘဲ !! ငါတော့ကံကောင်းတာလား ကံဆိုးတာလားဆိုတာသေချာမသိတော့ဘူး !!


" အိုး....ဥက္ကဋ္ဌချင်းရဲ့ အထူးကိုယ်ရံတော်တပ်ဖွဲ့ကိုမြင်တွေ့ခွင့်ရလိမ့်မယ်လို့လုံးဝမထင်ထားတာဗျာ....ကျုပ်တော့အဖိုးတန်လေးကို လက်ဝယ်ရရှိထားဘဲ ဟား...ဟား...."

" ....."

ချင်းယွီကရီဝူရွှမ်းရဲ့စကားကိုလျစ်လျူရှုကာ သူ့babyလေးအဆင်ပြေမပြေကိုသာစစ်ဆေးလိုက်သည်။လက်မှာခပ်ထားသောလက်ထိပ်ကိုမြင်သောအခါ ချင်းယွီသည် နဖူးကြောတွေထောင်သည်အထိဒေါသထွက်သွားကာ လက်သီးကိုကျစ်ကျစ်ဆုပ်ထားသည်။babyရဲ့အသားအရေကအရမ်းနူးညံ့တာ ...ဒီလိုကွင်းကြီးနဲ့တပ်ထားခံရရင် babyလက်တွေတော့ပွန်းပဲ့နေတော့မှာဘဲ ....တောက် !! ရီဝူရွှမ်း !!ငါတောင်မထိရက်မကိုင်ရက်ခဲ့တဲ့ကလေးကို ....ချင်းယွီသည်သူ့ရဲ့လူသတ်ချင်စိတ်ကိုထိန်းချုပ်လိုက်ပြီး ချင်းယွီကို အေးစက်သောအကြည့်တစ်ချက်ဖြင့် ကြည့်လိုက်သည်။

Blue eye (system)Where stories live. Discover now