Arc 1.8

7K 568 1
                                    

Unicode

သူဖြတ်သန်းခဲ့တဲ့ နေ့ရက်တိုင်းကရိုးရှင်းသည်။ဒီရက်တွေမှာဇာတ်လိုက်မကသူ့ကိုနေ့တိုင်းထမင်းဘူးယူလာပေသည်။သူလည်းသူမသဘောအတိုင်းခင်မင်စေခဲ့သည်။ထို့အတူသူရကျော်လည်း လောင်းကြေးအတိုင်းကြက်ကြော်နဲ့colaအမြဲဝယ်ပေးသည်။တစ်ခုဘဲ!အခုဆိုရင်တော့သူကဇိုင်းအတွက်ပါဆိုပြီးနှစ်ယောက်စာဝယ်လာတာပင်။‌ဇာတ်လိုက်ကလည်းသူ့ရဲ့လုပ်ငန်းတွေကိုစတင်လုပ်ကိုင်နေပြီဖြစ်သည်။

ဒီနေ့ကတော့စနေနေ့ဖြစ်တာကြောင့်အိမ်မှာနေပြီး စာကြည့်စားပွဲမှာထိုင်ကာ ဇာတ်လိုက်နဲ့vc ပြောကာ အလုပ်ကိစ္စဆွေးနွေးနေရင်း သာ အခန်းအောင်းနေသည်။

နေ့တစ်ဝက်လောက်ထိအခန်းအောင်းပြီးတဲ့နောက်မှာသူ့ရဲ့အလုပ်ကိစ္စအားလုံးပြီးပြတ်သွားခဲ့သည်။ Laptopကိုပိတ်ကာ ခုံပေါ်ကထပြီး ခါးကိုဆန့်ကာ အညောင်း ဖြေလိုက်သည်။

ဗိုက်ဆာလိုက်တာ !!

သူအောက်ဆင်းတဲ့အထိ လမ်းတစ်လျှောက်ဘယ်သူမှမတွေ့တာကို ထူးဆန်းစွာ သတိပြုမိလိုက်ပြီးမီးဖိုချောင်ထဲဝင်လိုက်တော့တွေ့လိုက်ရတဲ့အရာကြောင့်မှင်သက်သွားရသည်။

ရှည်လျားတဲ့အရပ်၊ကျယ်ပြန့်တဲ့ကျောပြင်ကိုပိုင်ဆိုင်ထားတဲ့ ခန့်ငြားတဲ့အမျိုးသားတစ်ယောက်ဟာ မီးခိုးရောင်Apronဝတ်ကာ မီးဖိုပေါ်မှာတစ်စုံတစ်ခုကို ချက်ပြုတ်နေသည်။

သူဝင်လာတာကိုတွေ့တော့ ထိုအမျိုးသားကလှည့်ကြည့်ကာ အေးချမ်းသောအပြုံးနှင့်ပြောလာသည်။အိမ်ရှင်မတစ်ဦးလိုပြုမူလိုက်တဲ့အနှီအမျိုးသားကြောင့် ဇွဲရဲ့ရင်ထဲမှာပြောမပြတတ်သော နွေးထွေးမှုလေးကို ခံစားလိုက်ရသည်။

" ဆင်းလာပြီလား? "

" ...... "

ဇွဲဆီကမည်သည့်တုန့်ပြန်မှုမှမရရှိသောသော်လည်း ထိုပုံစံနှင့်ရင်းနှီးအကျွမ်းဝင် နေတာကြောင့်ခနတုံ့ဆိုင်းနေရုံမှလွဲပြီးမည်သို့မှမခံစားရတော့ပေ။ သူက နွေးထွေးသော အပြုံးတွေကိုဖောဖောသီသီပင် ကျယ်ပြန့်စေရင်းဆက်ပြောလာသည်။

" အိမ်စေတွေကိုဒီနေ့နားရအောင်ခွင့်ပြုပေးလိုက်တာ၊ ဗိုက်ဆာနေပြီလား? "

Blue eye (system)Where stories live. Discover now