Arc 6.12

2.7K 313 20
                                    

Unicode






" ခင်ဗျားက နတ်ဆိုးအရှင်လား "


ဂျက်ဖရီက ထိုသူရဲ့ခန့်ညားချောမောမှုအောက်မှာ အနည်းငယ်မိန်းမောသွားသော်လည်း ထိုသူ့ရဲ့အသေးစိတ်ကိုသေချာအကဲခတ်ကာမေးလိုက်သည်။

" အင်းဟုတ်တော့ဟုတ်တယ်ဒါပေမယ့် တစ်ခြားတစ်နည်းနဲ့ပြောရရင်တော့မဟုတ်ဘူး "

မသေချာမရေရာတဲ့စကားလုံးကြောင့် ဂျက်ဖရီကစဥ်းစားရခက်သွားကာစိတ်မရှည်တဲ့လေသံနှင့် ခပ်ဆတ်ဆတ်ပြန်မေးလိုက်သည်။

" ခင်ဗျားစကားရဲ့အဓိပ္ပာယ်ကဘာလဲ ? အဲ့တစ်ခြားနည်းနဲ့ဆိုရင်ရောဘာလဲ ?"

" အင်း ...တစ်ခြားနည်းနဲ့ပြောရရင် ကိုယ်ကမင်းရဲ့ယောကျာ်းလေ "

ရှက်ရွံ့မှုတစ်စက်လေးမှတောင်မရှိတဲ့ မျက်နှာတည်တည်ဖြင့်ပြောလာတဲ့စကားတွေကြောင့် ဂျက်ဖရီမှာတော်တော်အံ့သြခဲ့ရသည်။

" ခင်ဗျား...အရှက်မရှိလိုက်တာ "


" အချစ်ရယ် ရှက်စရာလား ...ကိုယ်နဲ့ မင်းနဲ့ကမကြာခင်ဘဲလက်ထပ်ရတော့မှာက်ို...ယောကျာ်းလို့ခေါ်ရတာကိုရှက်စရာကောင်းတယ်လို့တွေးမိလို့လား ? အဲ့ဒါဆိုဒီလုပ်လုပ်ပါလား "

" ဘယ်လိုလဲ "

" မရှက်တော့ဘဲအသားကျသွားအောင်လို့  အခုတည်းက ယောကျာ်း ယောကျာ်းဆိုပြီး ခနခနခေါ်ကြည့်လေ "


' ဘယ်လိုတောင်အရှက်မရှိတဲ့စကားတွေပြောထွက်တာလဲ '

ထိုသူ့စကားကို အကောင်းမှတ်ပြီးနားထောင်ကာ ပြန်မေးလိုက်မိတာကိုက ဂျက်ဖရီမှားသွားတာ။ဂျက်ဖရီမျက်မှောင်ကြုပ်ကာ ထိုသူရဲ့အရှက်မရှိမှုကသူ့ကိုစိတ်အနှောက်အယှက်ဖြစ်ကြောင်းအမူအယာပြလိုက်လေသည်။ဘေးနားကအစောင့်နှစ်ယောက်ကလည်း သူတို့ရဲ့ တည်ငြိမ်အေးစက်တဲ့အရှင်က ဒီလိုမျိုးစကားတွေပြောထွက်လာတာကိုအံ့သြနေမိသည်။ဒါပေမယ့်အပြင်မှာတော့ သူတို့ရဲ့အမူအယာကိုထုတ်ဖော်မပြထားပေ။





" ဝင်ပေါက်ကြီးမှာရပ်မနေနဲ့ ....လာကိုယ်တော့်အခန်းထဲသွားရအောင် လွတ်လွတ်လပ်လပ်ရှိတယ် "


Blue eye (system)Where stories live. Discover now