Space

4.8K 427 4
                                    

[ ပြန်လည်ရောက်ရှိလာတာကိုကြိုဆိုပါတယ်~~~ ]

' အင်း  တံခွန်လေး ဒီကိုလာပါဦးကွာ '

[ ဘာလုပ်မလို့လဲ? ]

အဖြူရောင်ကြောင်လေးဟာ သတိအနေအထားဖြင့်သူ့hostကိုကြည့်လိုက်သည်။ ဟုတ်တယ်လေ ...တော်ကြာသူ့ကိုဖျစ်ညစ်လိုက်မှဖြင့်......

' လာပါဆို ...'

တွန့်ဆုတ်တွန့်ဆုတ်နဲ့ လာနေတဲ့ အဖြူလုံးလုံးလေးကို တေးရတုကောက်ချီလိုက်ပြီး သူ့အပိုင်ဥယျာဥ်ထဲကိုလမ်းလျှောက်ထွက်လိုက်သည်။

အရင်ကမ္ဘာမှာမောင်နဲ့သက်တမ်းစေ့နေခဲ့တာကြောင့် သူ့ရဲ့စိတ်တွေပျော်ရွှင်တက်ကြွနေသည်။မောင်ကသူ့နောက်ကို သုံးကမ္ဘာထိတောင်လိုက်ခဲ့သည်။

နောက်ကမ္ဘာကိုမောင်လိုက်လာမှာလား?

မောင်က သူသေတော့ဘာလို့လိုက်သေတာလဲ?

နောက်ပြီးတော့ ဘာလို့သူ့ကိုယ်သူ အထိခိုက်ခံပြီး ငါ့နောက်ကိုလိုက်ခဲ့တာလဲ?

တကယ့်ကမ္ဘာအစစ်ကိုပြန်ရောက်ရင်ရော မောင်သူ့ကိုချစ်ဦးမှာလား ? ဒါမှမဟုတ် သူ့ကိုထပ်ပြီးစွန့်ပစ်ဦးမှာလား ?


သူလမ်းလျှောက်ရင်းတွေးလာတာ ရေတံခွန်ငယ်လေးအထိပင်...

ဒီလိုလှပတဲ့နေရာကိုအပိုင်ပေးထားတဲ့ system ကိုကျေးဇူးတင်မိတယ်...

ရေတံခွန်ကစီးကျနေတဲ့ရေတွေက စမ်းချောင်းလေးအဖြစ်စီးဆင်းသွားကာ ကြည်လင်ပြီး အပြာရောင်သန်းနေသည်။

သူကsystemကြောင်ဖြူလေးကိုလက်ကကိုင်ထားရင်းနဲ့ စမ်းချောင်းဘေးကကျောက်တုံးပေါ်မှာထိုင်ပြီးအနားယူလိုက်သည်။


သူspaceထဲမှာ တစ်ပတ်လောက်နားပြီးမှ တံခွန်ကပြောလာသည်။

host ရဲ့ ကိုယ်ရေးအကျဉ်းကိုပြပါမယ်~~~~~

နာမည်             - တေးရတု

အသက်         -၂၆

လိင်အမျိုးအစား-ကျား

အလုပ်အကိုင်   -သရုပ်ဆောင်၊စီးပွားရေးလုပ်ငန်းရှင်

တတ်မြောက်ထား သောပညာ - သရုပ်ဆောင် ၊

Blue eye (system)Where stories live. Discover now