Arc 5.3

4.6K 469 9
                                    


ညရောက်တော့ ပိုင်ဝူယောင်သည် ရေချိုးကာပြင်ဆင်တော့သည်။ခါတိုင်းနဖူးပေါ်သို့ဝဲကျနေသောဆံပင်ပျော့ပျော့လေး‌တွေကိုဂျယ်သုံးကာအပေါ်သို့လှန်တင်ထားသည်။ခန္ဓာကိုယ်ပေါ်တွင်လည်းall blackကိုဝတ်ဆင်လိုက်ပြီး ရေမွှေးဖြန်းနေချိန်တွင် ချန်ကျင်းလန်ရဲ့ ' ကိုယ်အောက်မှာရောက်နေပြီ ယောင်လေး 'ဆိုတဲ့ စာတိုလေးရောက်လာသည်။ ပိုင်ဝူယောင်ပြုံးလိုက်ပြီး ဖုန်းနဲ့ ပိုက်ဆံအိတ်ကိုယူကာ ဓာတ်လှေကားကနေတစ်ဆင့် အောက်သို့ဆင်းလာသည်။ အဆောက်အဦးက 27လွှာရှိပြီး ပိုင်ဝူယောင်နေသောတိုက်ခန်းသည် 21လွှာတွင်ဖြစ်သည်။


" လန်ကိုကို ..."

" ယောင်လေးလာပြီလား ??  "

ပိုင်ဝူယောင်ထင်တာ ကားနဲ့သွားမယ်လို့ပေါ့ ။ ချန်ကျင်းရန်က ဆိုင်ကယ်ယူလာသည်လေ။အဲ့ဒါလည်းကောင်းတာဘဲ ညလမ်းမီးတွေအောက်မှာ ချစ်သူနဲ့အတူ ဆိုင်ကယ်လျှောက်စီးတာဘယ်လောက် romantic ဆန်လိုက်လဲ ??

" အာ ..ဟုတ် "

ချန်ကျင်းလန်က ပိုင်ဝူယောင်ကို သူကိုယ်တိုင် ဆိုင်ကယ်ဦးထုတ်ကိုသေချာဆောင်းပေးလေသည်။အသေးစိတ်ဂရုစိုက်တတ်တဲ့သူကြောင့် ပိုင်ဝူယောင်ကတော့ ချန်ကျင်းလန်ကို သူ့ချစ်သူလို့ စတင်ပြီးတွေးတောနေသည်။ပိုင်ဝူယောင် ဆိုင်ကယ်ပေါ်တက်လိုက်တော့ နွေးထွေးပြီး သန်မာတဲ့ လက်တစ်စုံက ပိုင်ဝူယောင်ရဲ့လက်နှစ်ဖက်ကိုနောက်ပြန်ဆွဲယူလိုက်ပြီး ချန်ကျင်းလန်ရဲ့ ခါးကိုဖက်တွယ်စေသည်။ ချန်ကျင်းလန်ကအနောက်သို့လှည့်ကာ ...

" ကိုယ့်ကို တင်းနေအောင်ဖက်ထားနော် "

" ဟုတ် "

ပိုင်ဝူယောင်သည် ချန်ကျင်းလန်ရဲ့ ခါးကိုတင်းနေအောင်ဖက်ထားလျှက်အပြုံးတွေကိုလည်း ရပ်တန့်လို့မရနိုင်တော့ပေ။ဆိုင်ကယ်စထွက်လိုက်တာနဲ့ လေပြေနုနုလေးတွေက သူ့တို့နှစ်ယောက်ကို ခပ်ကြမ်းကြမ်းပွတ်တိုက်သွားသည်။သူတို့မသိတာက သူတို့နှစ်ယောက်ရဲ့ ကြင်နာပြီး နွေးထွေးပုံပေါ်တဲ့ ပုံရိပ်တွေကို တစ်စုံတစ်ယောက်က မှတ်တမ်းတင်သွားသည်ကိုပင်။

Blue eye (system)Where stories live. Discover now