Arc (7.6 )

1.6K 134 19
                                    



Unicode




ထိပ်လန့်တုန်လှုပ်သွားတဲ့ လီစစ်ချန်က ဦးနှောက်ကိုအမြန် အလုပ်ပေးကာစဥ်းစားလို က်တော့ ကလေးပြောတဲ့စကားတစ်ချို့ကိုပြန်ကြားယောင်လိုက်တာကြောင့် မျက်လုံးတစ်စုံက ' လက်ခနဲ ' ဖြစ်သွားသည်။

" ကလေးပြောတယ်မလား ...ဒီအိမ်မှာ လျှို့ဝှက်ကင်မရာတွေရှိတယ်လို့ ....ဘာလို့ အဲ့ဒါကိုပြန်ကြည့်ပြီးမှ ကိုယ့်ကို ကွာရှင်းမဲ့စကားမပြောရတာလဲ "


ထိုစကားပြောလိုက်တော့မှငြိမ်ကျသွားကာ အတွေးထဲနစ်မြောသွားတဲ့ ကလေးလေး။အတွေးလွန်နေတဲ့ ပုံစံလေးဟာ ချစ်ဖို့ကောင်းလွန်းလို့ ဖက်နမ်းပစ်ချင်တဲ့စိတ်တွေကိုမနည်းထိန်းထားရသည်။ ဒီကလေးဘာတွေတွေးနေမှန်းမသိပေမယ့် သူနဲ့ကွာရှင်းဖို့အတွက် ကြံစည်နေတာမဟုတ်ပါစေနဲ့လို့ မျှော်လင့်မိသည်။


' တံခွန်ရေ ငါမလာခင်က သူတို့လွန်လွန်ကြူးကြူးဖြစ်ပြီးကြပြီလား '


[အင်္ကျီ တောင်မချွတ်ရသေးခင် hostရောက်လာတာကို ဘယ်လိုလွန်လွန်ကြူးကြူးဖြစ်ရမှာလဲဗျ hostကအဖျက်သမား ]


' ဘာ!! မင်းငါ့ဘက်ကလား သူ့ဘက်ကလား '


[ ဘာလို့ကလေးဆန်တဲ့မေးခွန်းတွေပြောနေရတာလဲ ? ကျွန်တော်က အမြဲတမ်း hostဘက်ကဘဲဟာ ဟီးဟီး ]

သူနဲ့ဆင်တူတဲ့ မျက်ဝန်းပြာပြာလေးတွေ မှေးစင်းနေတဲ့အထိ ပြုံးပြကာမျက်နှာချိုးသွေးလာတဲ့ system လေးကြောင့် ကျင့်ယွမ်မှာစိတ်မဆိုးနိုင်တော့။


ကျင့်ယွမ်လည်း ဇာတ်လိုက်ပြောတာကိုသေချာစဥ်းစားလိုက်သည်။သူလာတုန်းက ဇာတ်လိုက်တို့က ဖက်ထားရုံ ၊ နမ်းရုံသာရှိသေးပြီး ဘာမှဖြစ်တာကိုမတွေ့လိုက်ရသေးပေ။ဒါကိုဘာလို့သူဟာအလောတကြီးဖြစ်နေပြီးဒေါသထွက်နေမှန်းမသိပေ။သူတို့နှစ်ယောက်လွန်လွန်ကြူးကြူးမဖြစ်တာသေချာနေတာကြောင့်သူစကားလွန်လို့တော့မဖြစ်။

' တံခွန် စောနတုန်းက သူတို့နှစ်ယောက်ဘာလုပ်နေလဲဆိုတာ ငါ့ကိုပြ '

[ Host ဘာသာ CCTV ပြန်ကြည့်လေ ]

' ငါ့ကိုပြန်ခံပြောနေတာလား  '

You've reached the end of published parts.

⏰ Last updated: Dec 05, 2023 ⏰

Add this story to your Library to get notified about new parts!

Blue eye (system)Where stories live. Discover now