Arc 1.2

8.5K 702 0
                                    


Unicode

နေရောင်ခြည်နုနုလေးဟာပြတင်းပေါက်မှတစ်ဆင့်ကုတင်ပေါ်မှာအိပ်နေတဲ့ကောင်လေး၏မျက်နှာပေါ်သို့ကျရောက်နေသည်။ထိုကောင်လေးမှာတော့အတော်အိပ်မောကျနေပုံပေါ်သည်။

Ringtone ~~~~

ဖုန်းသံဟာ သူအိပ်နေတာကိုနေတာကိုနှောက်ယှက်လိုက်တာတာ အလိုမကျသလိုမျက်မှောင်ကြုပ်လိုက်ပုံမှာအတော်ချစ်စရာကောင်းလှသည်။သိပ်မကြာခင်မှာဘဲအပြာရောင်မျက်ဝန်းလေးတစ်စုံဟာပွင့်လာပြီးလက်ကလည်းဖုန်းကိုယူလိုက်ကာ-

"ဟယ်လို"

"ဟျောင့် ဒီနေ့ချိန်းပွဲရှိတယ်နော် မေ့နေမှာဆိုးလို့လှမ်းပြောတာ"

"အေးပါကွာ ငါသိတယ်"

ဇွဲလည်းဖုန်းချပြီးရေချိုးခန်းထဲဝင်ကာရေချိုးသန့်စင်ပြီးကျောင်းသွားဖို့ပြင်လိုက်သည်။မနေ့ကတတိယနှစ်ကကောင်တွေကချိန်းဆိုကြောင်းဇိုင်းပြောပြသည်။ဇွဲဟာတက္ကသိုလ်ဒုတိယနှစ်ဖြစ်ပြီးအသက်၂၀သို့ရောက်နေပြီဖြစ်သည်။အဝတ်ဗီဒိုဖွင့်ကြည့်လိုက်တော့အဝတ်အစားတော်တော်များများဟာအနက်ရောင်တွေချည်းဘဲ။အနက်ရောင်တီရှပ်ကိုအရင်ဝတ်ကာဂျက်ကပ်ကိုအ‌ပေါ်ကထပ်ဝတ်လိုက်ပြီး ဂျင်းအနက်ရောင်ဒူးပြဲပါတဲ့ဘောင်းဘီကိုပါတစ်ခါတည်းဝတ်လိုက်သည်။ပြီးတာနဲ့‌အနက်ရောင်ကျောပိုးအိတ်လေးကိုတစ်စောင်းလွယ်ကာမနက်စာစားဖို့ဆင်းလိုက်သည်။

သူ‌ထမင်းစားခန်းထဲရောက်တော့ လူစုံနေကြပြီဖြစ်သည်။

"သားငယ် လာပြီလား ထိုင်"

အမေကအပြုံးလေးပြောကာထိုင်ခိုင်းပြီးအစေခံတစ်ယောက်ကိုသူစားဖို့မုန့်ပြင်ခိုင်းသည်။

"ဟုတ်ကဲ့"

ဇွဲကမ္ဘာသူ့ရှေ့ကဒုတိယဇာတ်လိုက်ကိုကြည့်လိုက်တော့အလုပ်သွားမှာမို့လို့ထင်သည်‌အဖြူရောင်ရှပ်ကို‌မှအနက်ရောင်ကုပ်ကိုထပ်ဝတ်ထားပြီးဆံပင်ကိုအနောက်လှန်တင်ထားပုံမှာလူကြီးလူကောင်းဆန်ဆန်ဆွဲဆောင်မှုရှိသည်။သို့ပေမယ့်နှ‌မြောစရာကောင်းတာတစ်ခုကဒီလောက်ချောမောခန့်ညားတဲ့သူကဇာတ်လိုက်မကိုစွဲလမ်းသွားပြီးဇာတ်‌လိုက်ကိုတောင်ရှုံးနိမ့်ခဲ့သည်။ခေါင်းတစ်ချက်ရမ်းပြီးသူဝင်ထိုင်လိုက်တော့-

Blue eye (system)Where stories live. Discover now