Arc 1.3

8.2K 692 2
                                    

Unicode

ညနေကျောင်းဆင်းတော့တံခွန်‌လေးကိုပိုက်ကာမြို့ထဲပတ်ပြီးမုန့်မျိုးစုံကိုလျှောက်စားပစ်ပြီးမှအိမ်ပြန်လာသည်။အမေနဲ့အဖေကတော့အခုညနေတွင်ခရီးသွားမှာဖြစ်တာကြောင့်အိမ်မှာသူနဲ့ဒုတိယဇာတ်လိုက်သာရှိတော့သည်။

ဗိုက်ပြည့်နေတာကြောင့်အစေခံတွေကိုညစာမစားတော့ဘူးဟုပြောကာအပေါ်ထပ်ကကိုယ်ပိုင်အိပ်ခန်းထဲသို့‌သာလျှောက်လာသည်။ ရေမိုးချိုးပြီးအဝတ်အစားလဲကာတံခွန်အလုံးလေးနဲ့ထိုင်ဆော့နေသည်။

မိုးချုပ်တော့ ဇေကမ္ဘာ အလုပ်ကပြန်လာသည်။အပေါ်ထပ်ကိုတက်လာရင်း ကောင်လေးအခန်းဘက်တစ်ချက်ကြည့်ပြီးသူ့အခန်းထဲသို့ဝင်ကာရေမိုးချိုးအဝတ်အစားလဲသည်။

ညစာစားဖို့အောက်သို့ဆင်းလာတော့ထမင်းစားပွဲမှာ ကောင်လေးကိုမတွေ့သဖြင့် ဇေကမ္ဘာမျက်မှောင်ကြုပ်လိုက်မိသည်။

"ဇွဲရော ညစာစားပြီးပြီလား? ဘာလို့ဆင်းမလာတာလဲ?"

"ဟို... အကိုလေးကညစာဆင်းမစားတော့ဘူးလို့ပြောထားပါတယ်"

"ဘယ်လို! နေမကောင်းလို့လား?"

"အဲ့ဒါတော့ကျွန်မလည်းမသိပါဘူးရှင့် အကိုလေးအိမ်ပြန်ရောက်တည်းကသူ့ဖို့ညစာမပြင်နဲ့လို့မှာခဲ့တာပါ.."

'ကျစ်! ဒီကလေးကတော့ ကိုယ့်ကိုကိုယ်ဘယ်လိုဂရုစိုက်ရမှန်းမသိဘူးဘဲ'

ပြင်ထားတဲ့ဟင်းပွဲတွေကို ဖယ်ခိုင်းလိုက်ပြီး
‌ကောင်လေးသောက်ဖို့အတွက်နွားနို့ကိုအိုးထဲထည့်ကာကျိုနေလိုက်သည်။အနေတော်ရတော့မှဖန်ခွက်ထဲထည့်ကာကောင်လေးအခန်းသို့သွားပြီးအခန်းတံခါးခေါက်လိုက်သည်။

ခနအကြာမှာတော့တံခါးပွင့်လာပြီးအနက်ရောင်အဆင်းများပါတဲ့ညဝတ်အင်္ကျီကိုဝတ်ထားကာကြောင်လေးတစ်ကောင်ကိုပိုက်ပြီးရပ်နေတဲ့ကလေးလေးကိုတွေ့ရသည်။

ခရမ်းရောင်ဆံနွယ်လေးများကမျက်နှာပေါ်သို့ဟိုတစ်စဒီတစ်စနဲ့ ကပိုကရိုကျနေသည်။အပြာရောင်မျက်ဝန်းလေးတွေကသူ့ကိုစိုက်ကြည့်လာတဲ့အခါမှာတော့သူ့ရဲ့နှလုံးဟာတဒုန်းဒုန်းနဲ့ခုန်ပေါက်နေသည်မှာအပြင်ကတောင်ကြားရလုနီးနီးပင်။‌

Blue eye (system)Where stories live. Discover now