Arc 3.12 (End )

6.1K 522 4
                                    

မည်းမှောင်နေသောကောင်းကင်ကြီးကို ထောက်ပံပေးနေသောလရောင်အောက်မှာ ရှီးဖျင်မြို့သည် အရင်ကတောက်ပထည်ဝါနေသော်လည်း အခုအခါစစ်ဖြစ်တော့မည့်အခြေအနေကြောင့်ပြည်သူတွေက ကင်းရာလွတ်ရာသို့ပြောင်းရွေ့နေထိုင်နေကြတာကြောင့် အခုအခါတွင် တိတ်ဆိတ်ခြောက်ကပ်လို့နေသည်။

တိတ်ဆိတ်နေသောပတ်ဝန်းကျင်တွင် ကင်းလှည့်စစ်သည်တွေရဲ့အသံကလွဲရင် မည်သည့်အသံမှမကြားရချေ။

လီချူးဟန်သည် အခန်းထဲက ကုတင်ပေါ်တွင် နှစ်ခြိုက်စွာအိပ်မောကျနေသည်။ထိုအချိန်တွင် တစ်ကိုယ်လုံးအနက်ရောင်ဝတ်စုံဝတ်ပြီးမျက်လုံးတစ်စုံသာဖော်ထားသော တစ်စုံတစ်ယောက်သည် သူ့ရဲ့အခန်းထဲသို့ အသံမမည်အောင်ခြေသံကိုဖော့ပြီး ခိုးဝင်လာသည်။ထိုသူက လီချူးဟန်အိပ်ပျော်နေတာသေချာလားဆိုပြီး စစ်ဆေးကာ အခန်းထဲမှာတစ်စုံတစ်ခုကိုလှည့်ပတ်ရှာနေသည်။ထို့နောက် လီချူးဟန်ရဲ့အလုပ်စားပွဲမှာတင်ထားသောအရာကို တွေ့သည်နှင့်မျက်လုံးအရောင်များတောက်ပလာသည်။ထိုသူက စစ်ဗျူဟာစာလိပ်ကို အလျင်အမြန်ကောက်ယူလိုက်ပြီး အင်္ကျီရင်ဘတ်ထဲသို့ထိုးထည့်ကာ လီချူးဟန်အိပ်နေတာကိုနောက်တစ်ဖန်စစ်ဆေးပြီး အခန်းထဲကနေ ခိုးကြောင်ခိုးဝှက်နဲ့ပြန်ထွက်သွားသည်။

ထိုသူထွက်သွားတာနဲ့ လီချူးဟန်ရဲ့မျက်လုံးတစ်စုံသည် ပွင့်လာပြီး ကုတင်ပေါ်မှာထထိုင်လိုက်သည်။သူ့လိုလူတစ်ယောက်အနေနဲ့ သူ့ပိုင်နက်ထဲကိုတစ်စုံတစ်ယောက်ခိုးဝင်လာတာကိုမသိဘဲနေမလား။ လီချူးဟန်သည်မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး ဇာတ်လိုက်မတို့သားအဖရဲ့အနာဂတ်အတွက် ကြိုတင်ပြီး အမွှေးတိုင်ထွန်းပေးလိုက်သည်။

×××××××××××××××××××

အစောကလေးတင်မှ သာယာနေသောကောင်းကင်ကြီးသည် တိမ်စိုင်များထူထပ်လာကာ အလင်းရောင်ပေးသောနေမင်းကြီးသည်လည်းထိုတိမ်တိုက်တိမ်စိုင်ထဲသို့ တိုးဝှေ့ပျောက်ကွယ်သွားသည်။

ထန်- လျှန်နယ်စပ်တွင် ရှီးဖျင်ဂိတ်သည် အရေးပါသော ဂိတ်တစ်ခုဖြစ်သည်။ ရှီးဖျင်ဂိတ်ကိုပိုင်ဆိုင်လာတာနဲ့ ထန်ပြည်ရဲ့တောင်ပိုင်းတစ်ခုလုံးကိုချုပ်ကိုင်နိုင်ပြီသည်။ ဒါကြောင့်လည်း လျှန်လူမျိုးတွေက တစ်ခြားသောတိုင်းပြည်ငယ်တွေနဲ့ပေါင်းကာ ပုန်ကန်ရဲခြင်းဖြစ်သည်။

Blue eye (system)Where stories live. Discover now