Arc 4.4

5.1K 501 8
                                    

"  ကိုယ်သိချင်တယ် ....မင်းကိုဟင်းချက်သင်ပေးတာဘယ်သူလဲဆိုတာကို "

ဝမ်လီဖေးသည်အံ့သြလွန်းလို့ပါးစပ်တောင်ပြန်မစိနိုင်တော့ချေ။ထျန်းလော့အသည်းအသန်ဖြစ်နေပြီး စောက်ရမ်းသိချင်တဲ့မေးခွန်းကဒါလား ???


ဝမ်လီဖေးရဲ့ကြောင်အနေသောမျက်နှာလေးကို ထျန်းလော့ကနူးညံသောမျက်ဝန်းတစ်စုံနဲ့စိုက်ကြည့်ရင်း .......

" ကိုယ့်ကိုဖြေပါ ...ဘယ်သူ့ဆီကသင်ယူခဲ့တာလဲ ?"

" အဟမ်း! ဘယ်သူဖြစ်နိုင်လို့လဲ ? ကျွန်တော်ချစ်တဲ့သူဆီကပေါ့ "

ဝမ်လီဖေးသည် သူ့ရဲ့သားရဲငှက်လေးညွှန်ပြတဲ့နေရာကိုသာအာရုံရောက်နေပြီး ထျန်းလော့ရဲ့တင်းမာနေသောမျက်နှာကိုသတိမပြုမိပေ။

" အခုခင်များသိချင်တာသိရပြီမလား? သွားရအောင် "

ထျန်းလော့ကသူ့ရဲ့အမူအယာကိုပြန်ထိန်းလိုက်ပြီး ဝမ်လီဖေးကိုခေါင်းငြိမ့်ပြကာ အဆောင်အအုံအပျက်ကြီးအတွင်းသို့ဝင်သွားသည်။

အဆောင်အအုံကြီးမှာဟောင်းနွမ်းနေသော်လည်း ဘုံအဆင့်7ဆင့်ဖြင့်လွန်စွာခမ်းနားတင့်တယ်နေသည်။တစ်ချိန်ကကြီးကျယ်မြင့်မြတ်သူတစ်ဦးပိုင်ဆိုင်သောနေရာဖြစ်လိမ့်မည်။

[ Ding ~~ ရှေးဟောင်းမြို့တော်ပျောက်ကွယ်သွားရခြင်းအကြောင်းအရင်းကိုရှာဖွေပါ .....

ဆုလာဘ် – အသွင်ပြောင်းလက်ကောက်တစ်ခု ]

ဝမ်လီဖေးရဲ့လှမ်းလက်စခြေလှမ်းတို့သည် systemမှပို့လာသော အသိပေးချက်ကြောင့် ရပ်တန့်သွားသည်။

' ရူးနေတာလား ?? ငါကဘယ်လိုမျိုးဒီရှေးဟောင်းမြို့တော်ပျောက်ကွယ်သွားတာကို ရှာဖွေရမှာလဲ ? '


[ hostကလည်း ဒီမြို့တော်ကိုဘဲရောက်နေပြီဟာကို ဘာခက်မှာမှတ်လို့လဲ ?]

' ဟ ! ပြောတော့သာလွယ်တာကွ ....ဒီမြို့တော်ပျောက်ဆုံးနေတာ နှစ်ထောင်ချီနေပြီလေကွာ '

[ ဒါပေမယ့်လည်း hostမှာ ကျွန်တော်တစ်ယောက်လုံးရှိတယ်လေ ]

' ယို့ !ဟုတ်သားဘဲ တံခွန်လေးမင်းထွက်ခဲ့ ဟားဟား '

Blue eye (system)Where stories live. Discover now