Arc3.6

5.8K 509 7
                                    


လီချူးဟန်နဲ့ ထန်ချင်းဟောင်တို့ တပ်စခန်းမှာသေချာစစ်ဆေးပြီးကျန်တဲ့ကိစ္စမှန်သမျှကို ဖန်းမုလင်နဲ့ ချန်မင်ဝေကိုသာလွှဲထားကာ နန်းတော်သို့ပြန်လာခဲ့ကြသည်။

လီချူးဟန်မှာအခုချိန်ထိနန်းဆောင်မရှိသေးတာကြောင့် ဧကရာဇ်နန်းဆောင်တွင်သာထန်ချင်းဟောင်နဲ့အတူတူနေရသည်။

" အရှင်နဲ့ မိဖုရားကိုဂါရဝပြုပါတယ် !! "

" ထကြ ......ချူးဟန်ကိုယ်လက်သန့်စင်ဖို့ပြင်ထား "

ထန်ချင်းဟောင်က အားလုံးထခိုင်းပြီးရှောင်လုကိုကြည့်ကာခိုင်းလိုက်သည်။ထို့နောက်သူကအထိန်းတော်ကြီးကို ဟင်းနာမည်တွေကိုပြောကာ စားဖိုဆောင်ကိုပြင်ဆင်ခိုင်းလိုက်ပြီး သူလည်းကိုယ်လက်သန့်စင်ဖို့ လုပ်သည်။


" မွှေးနေတာဘဲ ..... "

လီချူးဟန်ရေချိိုးခန်းထဲကထွက်လာတာနဲ့  ကြိုင်လှိုင်နေတဲ့ ဟင်းရနံ့တို့ကကြိုဆိုနေသည်။

" ပြီးပြီလား ....လာ မင်းလေးကြိုက်တဲ့ဟင်းတွေချက်ခိုင်းထားတာ.... ကောင်းရဲ့လားဆိုတာစားကြည့်ပါဦး "

အလိုက်သိတတ်တဲ့ ချစ်သူတစ်ယောက်ရှိတာ ဘယ်လောက်ကောင်းလိုက်လဲ... အဟိ

သူကထန်ချင်းဟောင်ကမ်းပေးတဲ့တူကိုယူပြီး ဟင်းပွဲတစ်ခုချင်းစီကိုစစားလိုက်သည်။

" အင်း အကုန်လုံးကအရမ်းကောင်းတယ် "

" ဒါဆိုရင်များများစား "

" အွန်း ....မောင်လည်းများများစား  "

" ဟုတ်ပါပြီဗျာ "

စားပြီးတာနဲ့ လီချူးဟန်က ဘုရင့်ဥယျာဥ်ထဲကိုလမ်းလျှောက်ထွက်ဦးမယ်လို့တွေးကာ အဆောင်အပြင်သို့ထွက်ရန်ပြင်လိုက်သည်။

" အချစ်လေး ...ဘယ်သွားမလို့လဲ ?? "

" လမ်းလျှောက်ထွက်မလို့လေ "

" မောင်လည်းလိုက်မယ် "

" ဟင် ! ဘာလိုက်လုပ်မလို့လဲ ?? "

" မင်းနဲ့ အတူတူလမ်းလျှောက်ထွက်ရတဲ့ ခံစားချက်ကိုခံစားဖူးချင်လို့ပေါ့ ....နော် မောင့်ကိုချန်မထားခဲ့ပါနဲ့ "

Blue eye (system)Where stories live. Discover now