Arc 7.3

1.6K 190 11
                                    


Unicode

အချိန်တစ်ခုလောက်အထိမတုန့်ပြန်နိုင်ဖြစ်သွားသော ယန်ကျင့်ယွမ်သည် ခေါင်းအုံးနဲ့စောင်ကိုပိုက်ကာ ဝင်လာတဲ့ လီစစ်ချန်ကိုတွေ့လိုက်သောအခါ အလိုမကျသလို မျက်မှောင်ကြုပ်လိုက်သည်။လီစစ်ချန်ကမြင်ပေမယ့်  မမြင်ချင်ယောင်ဆောင်ကာ ခေါင်းအုံးနဲ့စောင်ကိုကုတင်ပေါ်ပစ်တင်လိုက်ပြီး ရုပ်တည်နဲ့ပြောလာသည်။

" ကိုယ်ရေချိုးလိုက်ဦးမယ် "

လီစစ်ချန်က တစ်နေကုန်ဌာနမှာအလုပ်များနေပြီး အလုပ်ဆင်းချိန်မှာလည်း ဒီကိုပြေးလာရတာကြောင့် ရေမချိုးရသေးပေ။ဒါကြောင့်သူက ချွေးတွေနဲ့ ကပ်စီးနေတဲ့သူ့ရဲ့ခန္ဓာကိုယ်ကို သန့်ရှင်းဖို့အရင်လုပ်လိုက်သည်။


ယန်ကျင့်ယွမ်ကသူ့ကိုဂရုမစိုက်ဘဲလုပ်ချင်ရာလုပ်နေတဲ့ လီစစ်ချန်ကို အံ့အားသင့်စွာကြည့်နေသည်။

[ host ဘာဆက်လုပ်မှာလဲ ? Hostယောကျာ်းက အခန်းထဲထိဝင်အိပ်နေပီနော် ]

' ဘာငါ့ယောကျာ်းလဲ '

စပ်ဖြီးဖြီးနဲ့ပြောနေတဲ့ တံခွန်ကိုကုတင်ပေါ်က ခေါင်းအုံးကောက်ပေါက်ရင်းပြောသည်။

' ငါသူနဲ့တစ်ခန်းတည်းအိပ်မှာမဟုတ်ဘူး  ဇာတ်လိုက်ကောင်ကဘာထဖြစ်တာလဲ ? နောင်တရနှုန်းကလည်းအခုမှ 20ဘဲရှိသေးတာကို '

[ ဇာတ်လိုက်ရဲ့အတွေးကခန့်မှန်းရခက်တယ်  ပြီးတော့ သူ့ကိုကျွန်တော်ထောက်လှမ်းလို့မရဘူး သူ့ကိုသတိထားပါ]

လီိစစ်ချန်ရေချိုးခန်းထဲကထွက်သည်နှင့် ယန်ကျင့်ယွမ်နဲ့ တံခွန်တို့ရဲ့စကားဝိုင်းဟာပြတ်သွားခဲ့သည်။

" ခင်ဗျား ကျုပ်အခန်းထဲကိုဘာလုပ်နေတာလဲ "

မေးပြီးတာနဲ့ ယန်ကျင့်ယွမ်ချက်ချင်းအကြည့်လွှဲလိုက်မိသည်။အခုဒီလီစစ်ချန်ကသူ့ကိုမြူစွယ်နေသလိုခံစားရသည်။ခါးအောက်ပိုင်းကိုတစ်ဘတ်တစ်ထည်နဲ့သာပတ်ထားပြီး အပေါ်ပိုင်းဗလာဖြစ်နေတာကြောင့် တောင့်တင်းသောကြွက်သားအမြှောင်း 8ခုက အထင်းသား။ အသားကခပ်ညှိုညှိုနဲ့ မေးရိုးထင်းနေတဲ့ မျက်နှာကလည်းယောကျာ်းဆန်မှုတွေပြည့်နှက်နေလေသည်။ဒီဇာတ်လိုက်က တော်တော်လေးပြီးပြည့်စုံတာပဲ။

Blue eye (system)Where stories live. Discover now