Arc 6.14

3.2K 283 18
                                    

Unicode





" host ဒီတိုင်းဘဲနေတော့မှာလား "


system လေးကကောင်းကင်နန်းတော်ရဲ့ ဝိဥာဥ်စွမ်းအားတွေပြည့်ဝနေတဲဲ့ ရေကန်မှာ အေးအေးဆေးဆေးအနားယူနေတဲ့ ဂျက်ဖရီကို မနိုင်တော့တဲ့လေသံဖြင့်ပြောလိုက်သည်။ ဒီကမ္ဘာကိုရောက်တာကြာပြီဖြစ်ပေမယ့် မူလဂျက်ဖရီရဲ့ နတ်ဘုရားစမ်းသပ်ချက်ကိုအောင်မြင်ချင်တယ်ဆိုတဲ့ ဆန္ဒကလွဲပြီး  တစ်ခြားmissionတွေကိုဘာမှမလုပ်ရသေးပေ။

" မင်းကဘယ်လိုနေစေချင်လဲ "

မျက်စိမှိတ်လျက်ပင် အနားယူနေတဲ့ ဂျက်ဖရီက မျက်ခုံးတစ်ဖက်ပင့်ကာပြောလာသည်။ဒါကိုတွေ့တဲ့ ဒီယန်ကတော့ ခါးလေးကိုထောက်ကာ ခုန်ပေါက်ပြီးဒေါသထွက်လျက်ရှိသည်။


" host ...ကျွန်တော်နောက်နေတာမဟုတ်ဘူးနော် "


" ငါကလည်း အတည်ပြောနေတာကို "


" ဟူး ...host misssion မလုပ်တော့ဘူးလား "

" အေးအေးဆေးဆေးပေါ့ နားလို့ရချိန်လေးနားရတာ "

ဂျက်ဖရီကပြောပြီးတာနဲ့ ရေကန်ပေါ်တက်လာတော့ ဒီယန်ကပုဝါတစ်ထည်ကိုလှမ်းပေးကာ  အသင့်ပြင်ထားတဲ့ဝတ်စုံကိုပါပေးလိုက်သည်။အရင်ဂျက်ဖရီက တစ်ယောက်တည်းအေးအေးဆေးဆေးနေရတာကိုကြိုက်တဲ့သူဖြစ်တာကြောင့် သူ့နန်းဆောင်မှာအစေခံမထားပေ။ဒါကြောင့် hostအတွက်လိုအပ်တာမှန်သမျှတွေကိုသူချည်းလုပ်ပေးတာဖြစ်သည်။

"ဒါဆိုလည်း hostသဘောပဲလေ ဒါပေမယ့်ဒီကမ္ဘာကကျရှုံးလို့မဖြစ်ဘူးနော်"

"အင်း"

ဒီယန်နဲ့စကားပြောနေစဉ်မှာပင်ထူးဆန်းတဲ့စွမ်းအားလှိုင်းတစ်ခုက သူ့နန်းဆောင်ရဲ့အကာအကွယ်စည်းဆီသို့ ချဉ်းကပ်လာတာကို ဂျက်ဖရီသတိထားမိလိုက်တာကြောင့် မျက်မှောင်ကြုပ်မိသွားသည်။


" အင်အားကြီးလိုက်တဲ့စွမ်းအား "



ဂျက်ဖရီနဲ့ဒီယန်က စစ်ဆေးရန်နန်းဆောင်အပြင်သို့ထွက်လိုက်တော့ အပြုံးသေးသေးလေးတစ်ခုကိုနှုတ်ခမ်းပေါ်တင်ထားတဲ့ လီနွန်ဖာကိုတွေ့လိုက်ရသည်။

Blue eye (system)Where stories live. Discover now