Arc 6.6

2.7K 296 13
                                    


Unicode





ဂျက်ဖရီသည် ကြီးမားသောသစ်ပင်ကြီးအောက်၌ရပ်ကာ စိတ်ရှုပ်ထွေးနေသည်။သူသည်မော်ဘလိတ်အတွက်ဘယ်လိုလုပ်ပေးရမှန်းမသိတော့ချေ။သူ့ကိုစာသင်ဖို့ခေါ်လာတဲ့ဆရာတွေအားလုံးကလည်းတစ်နည်းမဟုတ်တစ်နည်းဖြင့် ထွက်ပြေးသွားကြရာ မည်သူမှ မော်ဘလိတ်ကိုစာမသင်ပေးချင်ကြချေ။တစ်ချို့ကအကြောင်းပြချက်ရေရေရာရာပြောကြပေမယ့်တစ်ချို့ကတော့ရေရေရာရာမပြောနိုင်ဘဲမင်းသားငယ်မော်ဘလိတ်ကိုစာမသင်ပေးနိုင်တော့ကြောင်းသာပြောကာထွက်ပြေးသွားကြသည်။မော်ဘလိတ်ဆိုသည်မှာလည်းဟိုဆရာကရုပ်ဆိုးလို့မသင်ချင်တာနဲ့ ဒီဆရာသင်တာနားမလည်လို့မသင်ချင်တာနဲ့ အကြောင်းပြချက်အမျိုးမျိုးပြောကာလာသမျှဆရာတွေကိုငြင်းပယ်လေ့ရှိသည်။အခုဆိုရင် လန်ဒိုဇာမြို့တွင်သာမက ဘေးနားကမြို့များတွင်ပါနာမည်ကြီးသောဆရာတွေလည်းကုန်သလောက်ဖြစ်နေသည်။



" မင်းသား "

သူ့ဆီကိုခပ်သုတ်သုတ်လာနေတဲ့ မော်ဘလိတ်ဘေးနားမှာစောင့်ရှောက်ဖို့နေခိုင်းထားသော ကိုယ်ရံတော်ကိုကြည့်ပြီး ဂျက်ဖရီ သက်ပြင်းမောချမိပြန်သည်။မော်ဘလိတ်ဘာပြဿနာရှာပြန်ပြီလဲ မသိဘူး။စာပေပညာသင်တာအဆင်မပြေမှန်းသိလို့ ချာဝီဆင်ကိုကိုယ်ခံပညာကိုသင်ခိုင်းပြန်တော့လည်း အဆင်မပြေဖြစ်ပြန်သည်။အခြေခံလေးတောင်ကောင်းကောင်းမလုပ်ဘဲလေ့ကျင့်ရေးကွင်းအလယ်မှာမတ်တပ်ကြီးအိပ်နေလေရဲ့။သူကဆူတော့ သူ့ကိုသင်ပေးတဲ့ ချာဝီဆင်ရဲ့နည်းလမ်းတွေကပျင်းဖို့ကောင်းလို့ပါတဲ့။ဂျက်ဖရီမှာထိုနေရာမှာပင်ပစ်လဲချင်စိတ်တွေပေါက်သွားသည်။အဲ့အပြင်ကိုမှ မြင်းစီးသင်ပေးတဲ့အခါမှာလည်း သူစီးမဲ့မြင်းကိုတစ်ကောင်ပြီးတစ်ကောင်လိုက်ကြည့်ရင်းမြင်းဇောင်းမှမြင်းတွေကိုလွှတ်ပေးလိုက်သလိုဖြစ်သွားကာ ရုန်းရင်းဆန်ခတ်ဖြစ်သွားခဲ့သေးသည်။ဒီကလေးကိုဘယ်လိုပျိုးထောင်ရမလဲဆိုတာသူတကယ်စဥ်းစားမရတော့ချေ။အရင်ဘဝကအတွေ့အကြုံတွေအားလုံးကိုအသုံးချခဲ့ပေမယ့် အလုပ်မဖြစ်ဘူးဖြစ်နေသည်။

Blue eye (system)Where stories live. Discover now