Arc 1.11

6.1K 547 1
                                    


Unicode

ဇွဲကျောင်းထဲကိုစဝင်လိုက်တာနဲ့ လူတစ်ချို့ရဲ့ မနှစ်မြို့တဲ့အကြည့်တွေ ၊အထင်သေးတဲ့အကြည့်တွေနဲ့ ရင်ဆိုင်လိုက်ရတယ်။ထိုအရာတွေကို မသိချင်ယောင်ဆောင်ကာ သူ့အတန်းကိုသာ ဦးတည်သွားလိုက်သည်။

အခန်းထဲရောက်တော့လည်း လူတိုင်းကသူ့ကို အထင်သေးသလို ဝိုင်းကြည့်ကြတယ်။ဖူးပွင့်ဖြူက တော့လှောင်ပြုံးတစ်ခုနဲ့အတူ ကြည့်လာတယ်။

သူကအထွေအထူး ဂရုမစိုက်ဘဲနဲ့ ထိုင်နေကြထိုင်ခုံကိုသာ သွားထိုင်လိုက်တယ်။ သူထိုင်ပြီးမကြာခင်မှာဇိုင်းနဲ့ ရွှေစင်ရောက်လာတယ်။

" ဇွဲ ၊မင်း တကယ် မရိုးမသားမလုပ်ဘူးဆိုတာငါတို့ယုံတယ်သိလား "

" အေးလေ နင်စာဘယ်လောက်ကြိုးစားတယ်ဆို တာ ငါတို့သိနေတာကို "

ရောက်ရောက်ချင်း မနားဘဲ အားပေးစကားပြောကြတဲ့ အရမ်းကောင်းတဲ့ သူငယ်ချင်းတွေရယ်ပါ။

boy 1 " လူချမ်းသာတွေ က နေရာတိုင်းကိုလွှမ်းနိုင်တယ် "

" မင်းဘာစကားပြောတာလဲ !!! "

သူတို့တွေဇွဲကိုစကားပြောနေတုန်း စောင်းပြောနေတဲ့တစ်ယောက် ကြောင့် ဒေါသထွက်သွားရတယ်။

boy 2. " သူပြောတာလဲ ဟုတ်တာဘဲလေ ၊ ပိုက်ဆံသာရှိရင် စာမေးပွဲရလဒ်ကို တောင်ပြောင်းပြန်လှန်နိုင်တယ် "

ထိုကောင်လေးရဲ့စကားကြောင့် ဘေးနားကလူတွေကလည်း ထပြောကြသည်။

ရွှေစင် " ဒီမှာ ရှင်က ဇွဲကို စာ‌မေးပွဲအတွက် လာဒ်ထိုးတယ်လို့ပြောချင်တာလား "

boy 2 " ဟေ့ ငါအဲ့လိုပြောတာမဟုတ်ဘူးနော် ဒါပေမယ့် မင်းကအဲ့လို ဆိုလိုချင်ရင်လည်း အဲ့အဓိပ္ပာယ်ဘဲပေါ့ "

အသိသာကြီးကို သူကပေါ်တင်မပြောရဲလို့ မသိမသာနဲ့ စောင်းပြောနေဆိုတာ ။

" ဒီမှာ ရှင်တို့ ဇွဲကို အဲ့လိုမပြောသင့်ဘူး ၊ဇွဲကအရင်တုန်းက စာမတော်တာမှန်ပေမယ့် ကျောင်းကလည်းဘယ်တုန်းကမှ ဘက်လိုက်မှုတွေမရှိခဲ့ဘူး ၊ ဇွဲကရိုးသားပါတယ် "

Blue eye (system)Tempat cerita menjadi hidup. Temukan sekarang