Arc 6.13

2.9K 297 10
                                    

Unicode







ကိုင်လန်ကသူ့ချစ်သူဆိုတာကို ဂျက်ဖရီသိပြီးတဲ့နောက်မှာ ဂျက်ဖရီရဲ့ စိုးရိမ်သိမ်ငယ်စိတ်တွေ ၊ မောင့်အပေါ်အားနာစိတ်တွေပပျောက်သွားသည်။ထိုအစားစမ်းသပ်ချက်ကိုကျော်ဖြတ်တုန်းက ဘာလို့မောင့်ရဲ့ရင်းနှီးတဲ့အငွေ့အသက်ကိုမရတာလဲ?? နောက်ပြီးတော့သူ့ရဲ့ကျန်ရှိတဲ့missionတွေအတွက်သာ အတွေးများနေခဲ့သည်။


" အချစ် ....ဘာတွေတွေးနေတာလဲ ? ကောင်းကင်နန်းတော်ကိုပြန်ချင်လို့လား"


ကြာကန်ရဲ့အလယ်မှာဆောက်ထားတဲ့ နားနေဆောင်မှာ ထိုင်နေတဲ့ အပြာနုရောင်ပုံရိပ်ဘေးသို့ကိုင်လန်ကရောက်လာရင်း  ထိုပုံရိပ်လေးရဲ့ကျောပြင်ကိုသိုင်းဖက်ကာမေးလေသည်။သူ့ရဲ့အချစ်လေးက ကန်ထဲကကြာပန်းတွေထက်ပိုလှနေတော့ သူမဖက်ဘဲမနေနိုင်တော့ချေ။

" မဟုတ်ပါဘူး  "

" ဒါဆိုဘာတွေတွေးနေတာလဲ မောင့်ကိုပြောပြ "


ရင်ခွင်ထဲက ဂျက်ဖရီရဲ့နက်မှောင်နေသောဆံနွယ်လေးတွေကိုနမ်းရှိုက်ကာ ဂျက်ဖရီရဲ့အတွေးတွေကိုသိချင်စွာနဲ့မေးလိုက်သည်။ဒီကောင်လေးရဲ့စိတ်ထဲအတွေးထဲမှာ သူကလွှဲပြီးကျန်တာမရှိစေချင်ပေ။

ဂျက်ဖရီက ကိုင်လန်ရဲ့အသံထဲကအချဥ်ဓာတ်ကိုဖမ်းမိတာပေါ့။ဂျက်ဖရီက မောင်နဲ့မျက်နှာချင်းဆိုင်ဘက်သို့လှည့်လိုက်ပြီး မောင့်ဆီကရတဲ့မြေသင်းနံလိုရနံ့လေးကိုတစ်ဝကြီး နမ်းရှိုက်လိုက်သည်။

" မောင့်ကိုဘာလို့စောစောကမတွေ့ခဲ့တာလို့တွေးနေတာ မဟုတ်ရင် ......"

ဂျက်ဖရီရဲ့စကားသံတွေဟာ လည်ချောင်းဝမှာပင် ဆို့နစ်သွားကာ ထပ်မံထွက်လာခြင်းမရှိတော့ချေ။ ကိုင်လန်ကိုမောင်မှန်းမသိခင်တုန်းက အသေသတ်ဖို့အထိတွေးထားတာကိုပြန်သတိရမိကာ မထိန်းနိုင်စွာပင်မျက်ဝန်းမှမျက်ရည်စတစ်ချို့လျှံထွက်လာသည်။ကိုင်လန်သာသူ့ကိုဇွတ်အတင်းနမ်းကာသူတို့နှစ်ယောက်ကိုမနီးကပ်စေခဲ့လျှင် မောင့်ဆီကရင်းနှီးတဲ့အငွေ့အသက်လေးကို ကိုင်လန်ဆီကနေသာ မခံစားမိခဲ့ရင် ကိုင်လန်ဟာ သူ့ရဲ့ချစ်သူမှန်းသိခဲ့မှာမဟုတ်ချေ။


Blue eye (system)Where stories live. Discover now