Arc 2.10

5.3K 497 2
                                    


Unicode

ရှင်းဇီရန် ပါးcompanyမှာ အလုပ်ဝင်နေတာအခုဆိုရင် တစ်လကျော်ပြီဖြစ်သည်။ ဒီအတောအတွင်း ပြသနာပေါင်းစုံကိုရှင်းခဲ့ရသည်။အခုလည်း company အတွင်းက သူလျှိုတွေကိုရှင်းထုတ်နေရသည်။

" ပါး ....ကျွန်တော်ဘာရှာတွေ့ထားလဲကြည့်ပါဦး ....."

ရှင်းဇီရန်က ပါးရုံးခန်းထဲက ဧည့်သည်ဆိုဖာပေါ်မှာထိုင်လိုက်ပြီး ဖိုင်တစ်ခုကိုပါးကိုပေးလိုက်သည်။ပါးကထိုဖိုင်ကိုကြည့်လိုက်ပြီးနောက် မယုံကြည်နိုင်စွာ စွန့်အနေသည်။

" ဒါ...ဒါ မဖြစ်နိုင်ဘူး...ကျောက်မုန့်ရွယ် ကပါးလက်အောက်မှာအလုပ်လုပ်ခဲ့တာကြာပြီ...အခုလိုသစ္စဖောက်တာမယုံနိုင်စရာဘဲ "

ကျောက်မုန့်ရွယ်ဆိုတာက မန်နေဂျာချုပ်ဖြစ်ပြီး ငွေအလွှဲသုံးစားလုပ်ထားသည်ကိုရှင်းဇီရန်ရှာတွေ့ထားခြင်းပင်။

" ပါး ....သူယူထားတဲ့ငွေတွေကမနည်းဘူးနော် ...အဲ့ဒါပါးဘာလုပ်ချင်လဲ "

" လူရင်းတွေတောင်မယုံကြည်ရတော့ဘူး....နောက်ဘယ်သူမှဒီလိုမလုပ်နိုင်အောင် တရားစွဲလိုက်မယ်သား "

" ဒါဆိုရင် ...ရှေ့နေအဖွဲ့ကိုဆက်သွယ်လိုက်ပြီး စီစဉ်လိုက်မယ် "

" ဟုတ်ပြီ ...ပါးကိုအခုလိုကူညီပေးတာအရမ်းကျေးဇူးတင်တာဘဲ"

" သားအဖတွေဘဲမလိုပါဘူး ပါးရယ် "

" သား...... ပါးမင်းအတွက်အရမ်းဂုဏ်ယူတယ်ကွာ "

ရှင်းကျုံးဝမ်က ဂုဏ်ယူစွာပြုံးလိုက်ပြီး ပြောသည်။ရှင်းဇီရန်လည်းသူ့ပါးကိုနှုတ်ဆက်ကာ သူရုံးခန်းထဲသို့ပြန်သွားသည်။ထိုစဉ်သူ့အင်္ကျီအတွင်းက ဖုန်းကတုန်ခါလာတာကြောင့် ထုတ်ယူကာကြည့်လိုက်‌တော့ ကျန်းမိန်စုပင်။

" ဇီရန် ..နင်အခုအားလား "

" ဘာဖြစ်လို့လဲ ....အားပါတယ် "

" အဲ့ဒါဆိုရင် ငါအခု JK ကုန်တိုက်ရဲ့ ဟော့ပေါဆိုင်တစ်ခုကိုရောက်နေတယ်ဟ..အရမ်းအရသာကောင်းတာ....နင်လာခဲ့ပါလား "

" ဟုတ်ပြီ .....လာခဲ့မယ် "

သူမရဲ့ပွင့်လင်းရိုးသားမှုကြောင့် ရှင်းဇီရန်နဲ့ အခုဆိုသူငယ်ချင်းလိုပင်ခင်တွယ်နေပြီဖြစ်သည်။သူရဲ့‌ တေးရတုဘဝမှာ လူမှုဆက်ဆံရေးခေါင်းပါးသဖြင့် အပေါင်းအသင်းသိပ်မရှိပေ။အခုတော့ ဘယ်သူ့ကိုမဆိုလိုက်လျောညီထွေစွာဆက်ဆံရဖို့သင်ယူ‌နေပြီဖြစ်သည်။သူကဓာတ်လှေကားကိုသုံးကာအောက်ဆုံးထပ်သို့ဆင်းလိုက်ပြီး ကားမောင်းကာ ‌ကျန်းမိန်စုပြောတဲ့ကုန်တိုက်သို့ထွက်လာခဲ့သည်။ထို့နောက်ဟော့ပေါ့ဆိုင်သို့ရောက်တော့ ကျန်းမိန်စုကဝိုင်းတစ်ခုကနေ လက်လှမ်းပြသည်။

Blue eye (system)Where stories live. Discover now