Arc 5.2

4.6K 458 7
                                    






ချန်ကျင်းလန် ခေါင်းဆောင်သောအဖွဲ့တွင် မိန်းကလေးနှစ်ယောက်ပါပြီး ယောကျာ်းလေးကချန်ကျင်းလန်အပါအဝင် လေးယောက်ပါသည်။စုစုပေါင်းခြောက်ယောက်ရှိပြီး အဖွဲ့ဝင်အကုန်လုံးကစည်းလုံးကြသည်။ ချန်ကျင်းလန်ကစားပွဲထိပ်ဆုံးခုံမှာထိုင်ပြီး မနက်ဖြန်နှင့်ပတ်သက်သောအစီအစဥ်တစ်ချို့ကိုပြောပြနေသည်။

" မနက်ဖြန်ကျရင် မေ့ယွင် ၊ ကုမင်တို့ကဦးဆောင်ပြီး ဆေးရုံရဲ့ အနောက်ဖက်ဝင်ပေါက်မှာကြိုတင်နေရာယူထားပြီး အချက်ပေးတာကိုစောင့်နေပါ ..အချက်ပေးချက်ကိုရတာနဲ့ချက်ချင်းလာကယ်ပါ "

" ဟုတ်ကဲ့ !"

"လီဖန်းနဲ့ ချုံးကျစ်တို့က ဆေးရုံအပြင်ဘက်ကနေအခြေအနေကို စောင့်ကြည့်ပေး ...အခြေအနေမဟန်တာနဲ့ ကိုယ့်လူတွေကိုကာကွယ်ပြီး အပြင်ကိုခေါ်ထုတ်ဖို့ချက်ချင်းဆောင်ရွက်ပါ... အားလုံးမှတ်ထားရမှာ ကိုယ့်အသက်န္တရာယ်ရှိနေရင်ဇွတ်မဝင်ပါနဲ့ ! ဒီတစ်ကြိမ်မအောင်မြင်ရင်လည်း နောက်အကြိမ်တွေရှိလာမှာမို့လို့ အသက်ရှင်ဖို့ကအဓိကနော်"

" ဟုတ်ကဲ့ !!! "

အားလုံးကတက်တက်ကြွကြွပြန်ဖြေနေပေမယ့် ပိုင်ဝူယောင်ကတော့ဆူပုတ်ပုတ်နှင့်ပင်...အားလုံးကိုသာ တာဝန်အသီးသီးပေးပေမယ့် သူ့ကျတော့ချန်ထားတယ်လေ ....ငါတစ်ယောက်တည်းဌာနမှာနေရမယ်လို့တော့မပြောနဲ့နော် !! ငါလုံးဝလက်မခံနိုင်ဘူး !

" လန်ကိုကို ...ယောင်လေးကရော "


ပိုင်ဝူယောင်ရဲ့ သနားစရာကောင်းသောအသံသေးသေးလေးဟာ စက်ရုပ်လူသားဟန်မေ့ယွင်ကိုပင် ပြုံးအောင်ဆောင်ရွက်နိုင်သည်။တစ်ခြားသူတွေကလည်း ရယ်ချင်ပေမယ့် ခေါင်းဆောင်ကိုကြောက်တာကြောင့် ပြုံးစိစိနှင့်ပင်။ ချန်ကျင်းလန်က ပိုင်ဝူယောင်ခေါင်းလေးကိုဖွလိုက်ပြီး.....

" ယောင်လေးက ကိုယ်နဲ့လိုက်ခဲ့ရမှာ... တိုက်ခိုက်တဲ့အချိန်ကျရင် ယောင်လေးကကိုယ့်အနားမှာဘဲနေပါ "

ယောင်လေးက တိုက်ခိုက်ရေးမှာအားနည်းတာကြောင့် သူ့အနီးနားမှာဘဲ ထားဖို့ဆုံးဖြတ်လိုက်သည်။ဒါမှလည်းယောင်လေးအန္တာရာယ်ကြုံလာပါက အမြန်ဆုံးကာကွယ်ပေးလို့ရမှာဖြစ်သည်။

Blue eye (system)Where stories live. Discover now