Arc 4.6

5.1K 514 10
                                    


လေးလံနေသောမျက်ခွံတို့ကိုအားယူကာဖွင့်နေပါသော်လည်း မည်သို့မှဖွင့်မရခဲ့ချေ။ထို့အပြင်အသံတစ်ချို့ကိုလည်းဝေးဝေးဝါးဝါးကြားနေရသည်။သေချာအားစိုက်ပြီးနားထောင်ကြည့်လိုက်ပေမယ့် သူ့ရဲ့ဦးခေါင်းကကိုက်ခဲလိုက်တာကြောင့်နာကျင်စွာညည်းညူလိုက်မိသည်။


" အာ့ ! အင်းး "

" အချစ်လေး ...အချစ်လေး "


" ဟင် .. မောင်လား ? "

သူ့ရဲ့ခေါင်းဟာမူးနောက်နေတာမို့ ခေါ်သံကိုကြားရပေမယ့် မည်သူမှန်းမသိတာသေချာမသိပေမယ့် သူ့ရဲ့စိတ်ထဲမှာ‌‌တော့လုံခြုံနွေးထွေးမှုကိုခံစားနေရတာဖြစ်သည်။ ထိုသို့သောခံစားချက်ဟာ မောင့်အနားမှာရှိနေချိန်တွင်သာဖြစ်တတ်သည်ဆိုတာဝမ်လီဖေးသိသည်။

တစ်စုံတစ်ယောက်ကတော့ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်နေရင်းဒေါသထွက်နေသည်။

သူ့အချ‌စ်ကလေးရဲ့နှုတ်ခမ်းဖျားကနေ အားကိုးတစ်ကြီး အခေါ်ခံရတဲ့ကောင်ကဘယ်သူလဲ ? သူလေးချစ်မြတ်နိုးတယ်လို့ပြောခံရတဲ့တစ်ယောက်လား ? ဒါပေမယ့် အရင်က ဝမ်လီဖေးသည် ထျန်းလော့ကိုသဘောကျကြောင်း ထျန်းလော့အပါအဝင်ဂိုဏ်းထဲကလူတွေအားလုံးသိကြသည်။ သူဘဲအထင်မှားခဲ့တာလား ?

သူထင်တာမှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ဝမ်လီဖေးကသူ့အပိုင် !!!

ဝမ်လီဖေးကြိုက်နေတဲ့အကောင်ကိုသိိတာနဲ့အဲ့ကောင်ကိုတုတ်နဲ့ထိုးပြီး မီးကင်ပစ်မယ် !!!

ထိုအချိန်တွင် ဝမ်လီဖေးသည် system ရဲ့ ကိုယ်ခံစွမ်းအားမြှင့်တင်ပေးမှုကြောင့်  အနည်းငယ်တောင်မူးနှောက်ခြင်းရှိမနေပါဘဲနဲ့ သူ၏ဝိဥာဥ်စွမ်းအားသည်လည်းပြန်လည်ပြည့်ဝလာသည်။


" နိုးလာပြီလား ? ဘယ်လိုနေသေးလဲ ? ဘယ်နားမသက်သာတာရှိသေးလဲ ? "

ဝမ်လီဖေးသည် ထျန်းလော့ရဲ့မေးခွန်းတွေကိုလျစ်လျူရှုပြီး ဘေးပတ်ပတ်လည်ကိုစူးစမ်းကြည့်လိုက်တော့ ဘုံခုနှစ်ဆင့်နန်းဆောင်ရဲ့ထိပ်ဆုံးအထပ်တွင်ရှိနေသေးကြောင်းတွေ့တာကြောင့် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ အခုတွင်သူသည် ထျန်းလော့ရဲ့ရင်ခွင်ထဲကိုမှီထားတာကြောင့် သူကကုန်းရုန်းထလိုက်ပြီး သူ့စိတ်ထဲကဝေဝါးနေသောမှတ်ဥာဏ်တစ်ချို့ကိုစဥ်းစားနေသည်။

Blue eye (system)Where stories live. Discover now