Arc 1.1 ( ဇွဲကမ္ဘာ )

10.6K 753 18
                                    

"အားး နာလိုက်တာ"

ရောက်ရောက်ခြင်းခေါင်းတစ်ခုလုံးကိုအပ်နဲ့ထိုးသလိုတစ်ဆစ်ဆစ်နာကျင်မှုကိုခံစားလိုက်ရသည်။ထိုနာကျင်မှုကသူရဲ့စိတ်ဝိဉာဉ်ထိတိုင်ထိုးဖောက်ဝင်ရောက်လာသည်။ထိုစဉ်ရှေ့မှာပေါလောပေါ်လာတဲ့အမည်းရောင်အလုံးလေး–

[ host ‌အရှေ့ကဆေးလုံးလေးကိုသောက်လိုက်... ပြီးတော့ကျွန်တော့ကိုစိတ်ထဲကနေ
ပြောလို့ရတယ်]

'အေး'

သူလည်းရှေ့ကဆေးလုံးလေးကိုယူပြီးသောက်‌လိုက်တယ်။အဲ့တော့မှသူ့ရဲ့နာကျင်မူးနှောက်နေတဲ့ခေါင်းဟာကြည်လင်သွားတော့တယ်။

"ဇွဲ ဘာဖြစ်လို့လဲ ?"

"ဟမ်? "

တေးရတုအသံကြားလို့ဘေးလှည့်ကြည့်လိုက်တော့ဂုတ်ထိရှည်တဲ့ဆံပင်ကိုနောက်လှန်တင်ထားပြီးခုံပေါ်မှာပျင်းရိပျင်းတွဲထိုင်နေတဲ့ကောင်လေးတစ်ယောက်ကိုတွေ့လိုက်ရသည်။

"မင်းစောနက အော်လိုက်လို့လေ ...ဘာဖြစ်လို့လဲ ?&အဆင်ပြေရဲ့လား? "

[ host အရင်ဆုံးသူ့ကိုအဆင်ပြေတယ်ပြောလိုက်ဦးလေ ...]

ဘေးကလူကိုပြူးတူးတူးကြောင်တောင်တောင်လေးနဲ့ကြည့်နေတဲ့သူ့hostကိုအမြန်ပြောလိုက်ရသည်။နမို့ဆိုဒီနေ့တစ်နေကုန်ရင်တောင် သူ့hostကဘေးကတစ်ယောက်ရဲ့စကားကိုပြန်ဖြေမယ်မထင်ဘူး။

"အင်း...ပြေတယ် "

တေးရတုကသူ့ပုံစံအတိုင်းအေးစက်စက် တုံးတိတိပြောလိုက်တော့ သူ့ဘေးကလူကအံ့သြသလိုကြည့်လာတယ် ။ ဒါပေမယ့်ထိုလူက ပုံမှန်ကြုံတွေနေရသလိုမျိုးပြုံးကာပြန်ပြောလာသည်။

" အေးအေး အဆင်ပြေတယ်ဆိုလည်းပြီးတာပါဘဲ ....မင်းတစ်ခုခုမသက်သာတာမျိုးရှိရင်ပြောနော် "

သူ့  သူငယ်ချင်းရဲ့ပုံစံက အရင်နဲ့မတူဘဲ အရှိန်အဝါကြီးလာသလိုမျိုး အနည်းငယ်ထူးခြားနေတာကိုသိပေမယ့်လည်း နဂိုတည်းကဒီလိုအေးစက်စက်နေတတ်တာကိုသိလို့ ဘာမှတွေးမနေတော့ဘဲပုံမှန်တိုင်းသာပြောလိုက်သည်။

" အင်း "

[ hostအဲ့ဆိုဇာတ်ကြောင်းပို့တော့မယ်နော်စောနကဆေးသောက်ထားတော့နာမှာမဟုတ်တော့ဘူး]

Blue eye (system)Where stories live. Discover now