Arc 2.3

6.2K 544 1
                                    


Unicode



" မဟုတ်ဘူး "

" ဒါစားချင်တာလား "

" ဟုတ် ! "

ကျိုးချန်မင်က ညစာစားချိန်မှာ မုရန်ကို ပေါင်ပေါ်တင်ကာ မုရန်လက်ညိုးထိုးသမျှဟင်းတွေကို တစ်ခုပြီးတစ်ခုယူကာ ကျွေးနေသည်။မုရန်လေးကြည့်ရတာအတော်ပျော်နေသည့်ပုံပင်။စားနေတာများ ပါးဖောင်းဖောင်းလေးတွေကလှုပ်စိလှုပ်စိနဲ့ တကယ်ချစ်စရာကောင်းသည်။

ကျိုးချန်မင်လို သွေးအေးရက်စက်တဲ့လူတစ်ယောက်က အခုလိုကလေးတစ်ယောက်အပေါ်နူးညံ့တဲ့ ပုံစံကိုကျိုးချင်းယွမ် ရော အိမ်တော်ထိန်းကြီးကိုပါ အံ့အားသင့်စေသည်။

ကျိုးချန်မင်ကတော့ ထိုလူတွေရဲ့အကြည့်တွေကို ဂရုမစိုက်နိုင်သေးပေ။ မုရန်လေးကိုသာ ဂရုတစိုက်ကျွေးနေသည် ။

" ဦးဦး ..."

" ဟင် မုရန်လေးဘာလိုလို့လဲ "

" ရန်ရန်ကိုခွံ့ကျွေးသလို ကိုကို့ ကိုလည်းကျွေးလေ "

" ဟင် ? "

" အဟွတ်! "

မုရန်စကားကြောင့် အကုန်လုံးမျက်လုံးပြူးသွားသည်။ ရှင်းဇီရန်က ဟင်းချိုသောက်နေရင်း ချောင်းတဟွတ်ဟွတ်ဆိုးကာ သီးသွားလေသည်။

" ဖြေးဖြေးသောက်မှာပေါ့ ရော့ ...ရေသောက်လိုက် "

ကျိုးချန်မင်က ပြုံးစစနဲ့ ရှင်းဇီရန်ရဲ့ကျောကိုပုတ်ပေးပြီး ရေတစ်ခွက်ကိုယူကာ ပေးရင်းပြောလိုက်သည်။

ရှင်းဇီရန်ကကျိုးချန်မင်ရဲ့ အမြင်ကပ်စရာမျက်နှာပေးကြောင့် မျက်စောင်းတစ်ချက်ထိုးကာ    ရေခွက်ကို မော့‌သောက်လိုက်သည်။

ရှင်းဇီရန် ဒီအိမ်တော်ကြီးဆီကိုရောက်တာ တစ်ပတ်ကျော်ပြီဖြစ်သည်။ ဒီတစ်ပတ်အတွင်း မုရန်လေးကလည်း အရင်လို မဟုတ်တော့ဘဲ သွက်သွက်လက်လက်ဖြစ်လာသည်။ ကျိုးချန်မင်ကလည်း ရှင်းဇီရန်ကို ရရင်ရသလို ဟိုထိဒီထိ ဟိုကိုင်ဒီကိုင်နဲ့ အခွင့်ရေးယူတတ်သည်။ ထိုသို့ကျိုးချန်မင်ထိတွေ့လုပ်လိုက်တိုင်း သူ့ရင်ထဲမှာ ကတုန်ကယင်ဖြစ်လာကာ ထိုခံစားချက်သည် ပထမကမ္ဘာတုန်းက ဇေကမ္ဘာနဲ့အတူရှိခဲ့တုန်းကလို ခံစားရသလိုမျိုးပင် ထပ်တူကျနေသည်။

Blue eye (system)Where stories live. Discover now