Arc 2.11

5.4K 490 2
                                    


Unicode

ရှင်းဇီရန်တို့မင်္ဂလာပွဲကိုသိသွားသောရှီးယန့်သည်လည်း တော်တော်ကိုပေါက်ကွဲကာဒေါသထွက်နေပြီဖြစ်သည်။ ဒီနှစ်တွေအတွင်းသူမနောက်ကိုလိုက်ပြီးချော့ခဲ့သော်လည်း သူမကအရေးပင်မလုပ်ခဲ့ချေ။ ငယ်ရွယ်စဉ်ကသူ့တို့ရဲ့အချစ်တွေကုန်ခမ်းသွားတာလား????

စုစုကသူ့ကိုတကယ်ဘဲမုန်းသွားပြီလားဆိုတာသူတွေးတောင်မတွေးရဲခဲ့ချေ။ဒီနှစ်တွေအတွင်းမှာ စုစုမကြိုက်တာတွေကိုဆိုရင် သူဘာတစ်ခုမှမလုပ်ခဲ့ချေ။သူ့အနားကပ်တဲ့မိန်းကလေးမှန်သမျှကိုမောင်းထုတ်ကာ စုစုတစ်ယောက်ကိုသာလျှင် သူ့ကမ္ဘာကြီးလို့မှတ်ယူခဲ့သည်။

ဒါပေမယ့် သူကြိုးစားမှုဟာအရာမထင်ခဲ့ချေ။စုစုကသူမဟုတ်တဲ့တစ်ခြားသူနဲ့လက်ထပ်တော့မည်ပင်။

သူဘယ်လိုလုပ်ရမလဲ???စုစုကအစတည်းကငါ့ရဲ့တစ်ဦးတည်းသောချစ်သူ!!! ငါ့အပိုင်လေ !!

ဒီမင်္ဂလာပွဲလုံးဝမဖြစ်မြောက်စေရဘူး!!!စုစုကငါ့ရဲ့သတိုးသမီးဘဲဖြစ်ရမယ်!!

" လျှိုစစ်!!! "

ရှီးယန့်သူ့လက်ထောက်ကိုခေါ်လိုက်တာနဲ့ လျှင်မြန်တဲ့အရှိန်နဲ့ ရောက်လာပြီး ခါးကိုင်းအရိုအသေပြုကာပြန်ဖြေသည်။

" ဘာအလိုရှိပါလဲ? သူဌေး "

" စုစုတို့မင်္ဂလာပွဲကဘယ်‌နေ့လဲ ?? "

"နောက်လာမဲ့ အပတ်ထဲမှာပါ "

" ငါပိုင်တဲ့ ကျွန်းပေါ်က စံအိမ်ကိုကြိုပြီးရှင်းခိုင်းပြီး လိုအပ်တာတွေထည့်ထား ......ပြီးတော့ဒီတစ်ပတ်အတွင်းရှိသမျှအလုပ်တွေအကုန်ဖြတ်မယ် "

" ဟုတ်ကဲ့ ....ကျွန်တော်အကုန်စီစဉ်လိုက်ပါမယ် "

" ‌သွားလို့ရပြီ "

ခနလေးဘဲစောင့်ပါစုစု!!! မကြာခင်မင်းကကိုယ့်အပိုင်ဖြစ်လာစေရမယ် !!!!!

****************

" အခုဒီဇိုင်းတွေအားလုံးက သခင်မကြီးရှင်း မှာထားတဲ့ဟာတွေပါ ....တကယ်လို့အခုဒီဇိုင်းတွေမကြိုက်ရင်နောက်ထပ်လည်းရှိပါသေးတယ် "

ရှင်းဇီရန်နဲ့ ကျန်းမိန်စုသည် မားမားရှင်းရဲ့အမိန့်အရ မင်္ဂလာဝတ်စုံဒီဇိုင်းလာရွေးတာဖြစ်သည်။နှစ်ယောက်လုံးကဒီမင်္ဂလာပွဲကို သိပ်စိတ်မပါကြတာကြောင့်  ထွေထွေထူးထူးမ‌ရွေးချယ်တော့ဘဲ မားရွေးထားတဲ့ ဝတ်စုံကိုသာယူလိုက်သည်။

Blue eye (system)Where stories live. Discover now