Arv 4.13

4.4K 445 15
                                    

ကြာပွတ်မှာတပ်ထားတဲ့ဓါးသွားတို့နဲ့ ထျန်းလော့ရဲ့ဓါးဖျားတို့မှထွက်ပေါ်လာသောထိခတ်သံတိုသည် အကာအကွယ်စည်းကိုဖြတ်၍ အပြင်သို့လျှံထွက်လာသည်။လှုပ်ရှားနေသောပုံရိပ်တွေမှာမြန်ဆန်လွန်းတာကြောင့် မည်သူ့ကိုမှရှင်းရှင်းလင်းလင်းမမြင်ရဘဲ အနီရောင်အလင်းတန်းနဲ့ အနက်ရောင်မှုန်မှိုင်းမှိုင်းတွေကိုသာတွေ့ရသည်။

" ကျောက်ရန်ဂိုဏ်းက အဆိပ်ဖော်သူတို့ကအဲ့လောက်တော်တာလား ?"

ဝမ်လီဖေးသည် ဇာတ်ကြောင်းထဲမှာမပါတဲ့ဇာတ်ကောင်လေးကအဲ့လောက်တော်နေမယ်မထင်တာကြောင့် တအံ့တသြရေရွတ်လိုက်မိသည်။

" သူတို့ဂိုဏ်းက အရမ်းလျှို့ဝှက်ဆန်းကြယ်တာ...  သူတို့ရဲ့ကျင့်ကြံဆင့်ကိုမမြင်နိုင်သလို သူတို့သုံးတဲ့ သိုင်းပညာကလည်းအလွန်ကိုဆန်းကြယ်တယ် ...သူတို့ဂိုဏ်းနဲ့ရန်သူမဖြစ်တာတော်သေးတယ် "

ကျန်းယီရှန်းက ဝမ်လီဖေးရဲ့စကားကိုကြားပြီး အနောက်သို့လှည့်ကာပြောသည်။ကျန်းယီရှန်းက ပြင်ပလောကရဲ့အတွေ့အကြုံရှိသူပီပီ ကျောက်ရန်ဂိုဏ်းကလူတွေနဲ့ရင်ဆိုင်ဖူးသည်။သူသိသမျှကိုသူ့ကလေးလေးနဲ့ ဝမ်လီဖေးတို့ကိုပြောကာ ကျောက်ရန်ဂိုဏ်းသားတွေနဲ့ရန်မစမိစေဖို့သတိပေးလိုက်သည်။ဒီနှစ်ယောက်ရဲ့အကြောင်းတွေကိုသူသိတယ်လေ။ဒီကလေးကြီးနှစ်ယောက်မွှေသမျှကို သူနဲ့ထျန်းလော့တို့ လိုက်ရှင်းပေးခဲ့ရပေါင်းများပြီမို့။


" ထျန်းလော့... ခင်များကထင်ထားတာထက်ပိုပြီး အင်အားကြီးတာဘဲ "


ကျောက်ရန်ဂိုဏ်းမှကောင်လေးသည် မျက်နှာဖုံးတပ်ထားသော်လည်း သူ့ရဲ့အသံကြောင့် ပြုံးနေမယ်ဆိုတာအသေအချာပင်။သူကသူ့ထက်အင်အားကြီးတဲ့သူကိုကြိုက်တယ်လေ။ထျန်းလော့ကမည်သည့်တုန့်ပြန်မှုမှမပေးဘဲ ပြိုင်ဘက်ကိုမမှိတ်မသုန်သာစိုက်ကြည့်နေသည်။

" ခင်များကတကယ်စိတ်ဝင်စားစရာကောင်းတယ် ...ကျွန်တော်ကြိုက်တယ် "

ကျောက်ရန်ဂိုဏ်းကကောင်လေးကပြုံးကာ အစီအရင်တစ်ခုကိုအသက်သွင်းလိုက်သည်။ ဝမ်လီဖေးသည် မြင်နေရသောအစီအရင်သည် ဘာအစီအရင်မှန်းမသိသော်လည်း ထျန်းလော့အတွက်အန္တရာယ်များမှန်းရိပ်မိသည်။သို့ပေမယ့် ထျန်းလော့ကိုကြည့်လိုက်တော့ မည်သည့်အမူအယာမှမပြဘဲတည်ငြိမ်နေလေသည်။ မောင်ကတော့မောင်ပီသပါတယ်လေ။ဘယ်အရာကိုမှကြောက်ရွံ့မှုမရှိဘူး။

Blue eye (system)Where stories live. Discover now