Arc 3.11

5.4K 473 7
                                    





နန်းတွင်းညီလာခံတွင် လူများစွာရှိနေသော်ညား အံ့သြစရာကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေသည်။ ကြောက်မတ်ဖွယ်ကောင်းလွန်းတဲ့ဧကရာဇ်ရဲ့ ဒေါသတွေကို သူတို့အားလုံးအပေါ်သို့မကျရလေအောင် အသက်တောင်ပြင်းပြင်းမရှူရဲကြပေ။ ထိုစဥ်မှာပင် တကိုယ်လုံးကိုအေးခဲသွားစေနိုင်သော ဧကရာဇ်ရဲ့အသံကိုကြားရသည်။

" ထန် -လျှန် နယ်စပ်မှာဒီလိုတွေဖြစ်ပျက်နေတာကို မောင်မင်းတို့မသိလေဘူးလား !! "

သို့သည့်တိုင်အားလုံးကမည်သည့်စကားတစ်ခွန်းမှမပြောရဲပေ။ခေါင်းကိုသာမြဲမြဲအောက်စိုက်ချထားသည်။

" ငါကိုယ်တော်သာ ချန်မင်ဝေ့ကိုစစ်ဆေးဖို့ မလွှတ်လိုက်ဘူးဆိုရင် ဒီလိုကိစ္စတွေကိုသိရမှာမဟုတ်ဘူး !!! မင်းတို့က ငါကိုယ်တော်ရဲ့ နားတွေမျက်စိတွေကိုပိတ်ပြီး ချုပ်ကိုင်ချင်နေကြတာလား!!!! ဟမ်!!! "

ဒုန်းးးးးး

" ပြောလေ !! ဘာလို့တိတ်နေကြတာလဲ ? "

ထန်ချင်းဟောင်သည် ပြောနေရင်းဒေါသထွက်လွန်းတာကြောင့် ထိုင်ခုံရဲ့လက်ရန်းကိုထုချလိုက်သည်။

သူသည်ခုနှစ်ပြည်ထောင်ပြည့်ရှင်ဖြစ်ဖို့အတွက် နယ်မြေတွေကိုသိမ်းပိုက်လာခဲ့ရာ နောက်ဆုံးသောတိုင်းပြည်ဖြစ်တဲ့လီတိုင်းပြည်ကိုသိမ်းပိုက်ရာတွင် လီတိုင်းပြည်သည် အင်အားကြီးပြီး စစ်ဗျူဟာကောင်းမွန်လှတဲ့ ချူးဟန်ရဲ့စစ်တပ်နဲ့ထိပ်တိုက်ရင်ဆိုင်ရမည့်အတွက်ကြောင့် များစွာအင်အားစိုက်ထုတ် ရသည်။ ထို့အပြင် ထန်တိုင်းပြည်သို့ပြန်ရောက်လာချိန်မှာလည်း မင်္ဂလာပွဲနဲ့ တရားရုံးကိစ္စတွေရှုပ်နေတာကြောင့် နယ်စပ်လုံခြုံရေးကိုစစ်ဆေးဖို့‌အနည်းငယ်ပေါ့လျော့သွားခဲ့သည်။

သူသတိလက်လွှတ်ဖြစ်သွားတဲ့ခနအတွင်းမှာပင် ဒီလို ပုန်ကန်မှုမျိုးဖြစ်လာသည်။ထို့အပြင် လျှန်စစ်တပ်ဟာ ပြည်သူတွေဆီက အခွန်တွေအဆမတန်ကောက်ခဲ့ပြီး နယ်စပ်တွင်ဖြတ်သန်းသွားလာသော ကုန်သည်များကိုလည်း အကြိမ်များစွာလုယက်ခဲ့သည်။

Blue eye (system)Where stories live. Discover now