Arc 4.2

5.6K 529 9
                                    

ဝမ်လီဖေး အမဲလိုက်ပြီး တောထဲကနေ သူတို့စခန်းချတဲ့ နေရာလေးဆီပြန်လာသည်။ကောင်းကင်တိမ်တိုက်ဂိုဏ်းမှာ တောင်ထွတ်အခွဲ ခြောက်ခုရှိပြီး ထိုတောင်ထွတ်တစ်ခုဆီကိုပိုင်ဆိုင်တဲ့ သခင်တွေရှိသည်။ တစ်ချိန်မှာ တပည့်ရင်းတွေကထိုတောင်ထွတ်တွေကိုဆက်ခံရမှာဖြစ်သည်။ဒီခရီးစဥ်တွင် ကောင်းကင်တိမ်တိုက်ဂိုဏ်းချုပ်ရဲ့ တပည့်ရင်း ဇာတ်လိုက်အပါအဝင် တောင်ထွတ်ခြောက်ခုရဲ့တပည့်ရင်း ခြောက်ယောက်နဲ့ အတွင်းစည်းတပည့်၅ယောက် ပါဝင်သည်။

" ဖေးဖေး ဘယ်တွေသွားနေတာလဲ ? "

" စားဖို့တစ်ခုခုသွားရှာနေတာ "

ချန်ယုလင်က မယုံနိုင်သလိုလေးကြည့်နေတာကြောင့် ဝမ်လီဖေးပြုံးရုံလေးပြုံးပြလိုက်ပြီး ဟင်းချက်ဖို့ပြင်တော့သည်။

ဟုတ်တာပေါ့ !ဒီခန္ဓာကိုယ်ပိုင်ရှင်က မာနကြီးတဲ့လူပေါ်ကြော့လေ ...အခုလို ကိုယ့်ဘာသာရှာစားဖို့နေနေသာသာ စားစရာတစ်ခုခုရရင်တောင် ချေးများတတ်တဲ့လူမျိုး ပင်.....

ဝမ်လီဖေးကသစ်ပင်တစ်ပင်အောက်မှာထိုင်ကာ သူအမဲလိုက်ခဲ့တဲ့သားကောင်ကို အရေခွံစုပ်လိုက်ပြီးsystemဆီကတောင်းထားတဲ့ဟင်းခတ်အမွှေးအကြိုင်တွေနဲ့သုတ်လိုက်သည်။

သူအကုန်ပြင်ဆင်ပြီးချိန်တွင် ချန်ယုလင်က ထင်းချောင်းတွေတစ်ပွေ့တစ်ပိုက်ကြီးနဲ့ပြန်လာသည်။

' ဘုန်းခနဲ 'မြည်အောင်ပစ်ချပြီးတာနဲ့ ဝမ်လီဖေးကိုအားတက်သရောနဲ့မေးသည်။

" ဖေးဖေး ငါဘာကူလုပ်ပေးရမလဲ ? "

ဝမ်လီဖေးကအလိုက်သိလွန်းတဲ့ဇာတ်လိုက်မကိုကြည့်ပြီး သဘောတကျရယ်လိုက်ကာပြန်ဖြေသည်။

" ရပါပြီ မလိုတော့ပါဘူး "

" အင်း လိုတာရှိရင်ပြောနော် "

ဇာတ်လိုက်နဲ့ဒုတိယဇာတ်လိုက်နဲ့ရှောင်အန်းကျစ်တို့သုံးယောက်လည်းသူတို့ရထားတဲ့သားကောင်ကိုချက်ပြုတ်ဖို့စတင်ပြီးပြင်ဆင်နေလေတယ်။

တစ်ခြား‌သူတွေမမြင်ရပေမယ့် ဝမ်လီဖေးကတော့ ရှောင်အန်းကျစ်သူတို့ဘက်ကိုလှည့်ကာမဲ့ပြုံးပြုံးပြသည်ကိုမြင်လိုက်သည်။အဓိပ္ပာယ်ကတော့ ဝမ်လီဖေးချက်တဲ့အစားအစာက သူ့လိုမော်ဒန်ခေတ်ကလူတစ်ယောက်ရဲ့လက်ရာမှီမှာမဟုတ်ဘူးဆိုတဲ့ပုံစံမျိူးဖြစ်သည်။

Blue eye (system)Where stories live. Discover now