Arc 7.4

1.9K 192 25
                                    

Unicode







ယန်ကျင့်ယွမ်က ယန်အိမ်တော်မှာပဲ ညနေမိုးချုပ်တဲ့အထိနေကာ ညစာစားပြီးမှပြန်လာခဲ့သည်။

ဒီနေ့လည်း ယန်ကျင့်ယွမ်အိမ်တော်ကို ပြန်လာတာကြောင့် ယန်ပါးပါးကပျော်ရွှင်နေလေသည်။ သူက ဧည့်ခန်းမှာထိုင်ကာ TV ကြည့်နေတဲ့ ယန်ကျင့်ယွမ်အတွက် သစ်သီးတွေနဲ့မုန့်တွေကိုယူလာပြီး စကားပြောသည်။

" သားစစ် အိမ်ကိုပြန်လာတာလား"

ယန်ကျင့်ယွမ်က ပန်းသီးတစ်စိတ်ကို ပါးစပ်ထဲကောက်ထည့်ရင်းပြန်ပြောသည်။

" အင်း မနေ့ကပြန်လာတယ် ....ပါးပါးကဘယ်လိုသိတာလဲ "


" မနက်ကပေါ့ ....အစောကြီးပါးပါးကိုဖုန်းဆက်တယ် "

" ဟမ် ? ဘာလို့ ပါးပါးကိုဖုန်းဆက်တာလဲ "

ယွမ်အာလေးကထိုသို့မေးလိုက်တော့ ရှဖေးဖေးက ခပ်ဖွဖွလေးပြုံးလေသည်။သူက သားစစ် ယွမ်အာလေးအပေါ် ဂရုတစိုက်ရှိတာကို ဝမ်းသာနေလေသည်။


" သားကြိုက်တတ်တဲ့ ဟင်းတွေနဲ့ မကြိုက်တဲ့ဟာတွေကို မေးနေတာလေ "


" ဘယ်လို ...."


ဇာတ်ကြောင်းနဲ့ ကွဲထွက်နေတဲ့ ဇာတ်လိုက်ကြောင့်  ယန်ကျင့်ယွမ် နည်းနည်းအံ့သြသွားရသည်။

" ဟင်းအမျိုးအမည်တွေကိုတင်မေးတာမဟုတ်ဘူးနော် သားစားတတ်တဲ့ဟင်းချက်နည်းပုံစံမျိုးကိုသေသေချာချာကိုမေးသွားတာနော် ...သားစစ်လေးက ငါတို့ယွမ်အာလေးကိုအရမ်းဂရုစိုက်တာပဲ "

ယန်ကျင့်ယွမ်က ထူးထူးဆန်းဆန်းတွေပြုမူနေတဲ့ ဇာတ်လိုက်ကောင်ကိုနည်းနည်းတော့အံ့သြမိတယ်။ ဒါပေမယ့်လည်းသူကဇာတ်လိုက်ဘယ်လောက်ပဲပြောင်းလဲလာပါစေ ထိုလူက မောင်ဆိုတာမသေချာတာကြောင့် ထိုလူနဲ့ သူရင်းရင်းနှီးနှီးမဖြစ်ချင်ဘူး။ အခုသူ့စိတ်ထဲမှာ mission လုပ်ဖို့နဲ့ system  နယ်မြေအုပ်ချုပ်သူရဲ့ စမ်းသပ်ချက်ကိုသာ စိတ်ဝင်စားသည်။ယန်ကျင့်ယွမ်က ပါးပါး လီစစ်ချန်အကြောင်းကိုပြောမှာဆိုးတာကြောင့် စကားလမ်းကြောင်းလွှဲလိုက်သည်။

Blue eye (system)Where stories live. Discover now