Arc 1.9

6.6K 551 0
                                    

Unicode

သူတို့အိမ်ပြန်တဲ့လမ်းတစ်လျှောက်မှာ ဇေကမ္ဘာက ဇွဲကိုဆုံးရှုံးရမှာကြောက်ရွံ့နေတဲ့စိတ်ကြောင့်တိတ်ဆိတ်နေသလို ၊ ဇွဲကလည်း သူ့အတွက် နဲ့ ဇေကမ္ဘာထိခိုက်သွားမို့စိတ်မကောင်းဖြစ်နေတာကြောင့် စကားမပြောမိပေ။

အိမ်ရောက်တော့ဇေကမ္ဘာက သူ့ကို ကားတံခါးဖွင့်ပေးကာဂရုတစိုက်ဆင်းစေခဲ့ပေမယ့် စကားတစ်ခွန်းမှမပြောဘဲ တည်တည်ကြီးဖြစ်နေတာကြောင့် စိတ်ဆိုးနေတာလားဟု တွေးမိသည်။ သူက ဇေကမ္ဘာကို ဧည့်ခန်းကဆိုဖာမှာထိုင်ခိုင်းလိုက်ပြီး သူကဆေးသေတ္တာကိုသွားယူကာ ဇေကမ္ဘာကိုဂရုတစိုက်ဆေး ထည့်ပေးသည်။

ဒဏ်ရာက‌လက်မောင်းမှာဖြစ်တာကြောင့် ဇေကမ္ဘာကသူ့အင်္ကျီကိုချွတ်ပေးလိုက်သည်။ ပေါ်လာတဲ့ ရင်အုပ်ကျယ်ကျယ်ကအားကိုးချင်စရာကောင်းလောက် တောင့်တင်းသန်မာ‌သည်။ ကြွက်သားအပြည့်နဲ့လက်မောင်းပေါ်က ကန့်လန့်ဖြတ် ဒဏ်ရာဟာသိပ်မကြီးဘူး လို့ထင်ရပေမယ့် တော်တော်နက်နက်ထိစိုက်ဝင်နေတာကြောင့် သူစိတ်မကောင်းဖြစ်သွားသည်။

ဘာဘဲဖြစ်ဖြစ်သူ့ကြောင့်ရခဲ့တဲ့ဒဏ်ရာမလား??

ဇေကမ္ဘာကသူ့ရဲ့စိုးရိမ်မှုတဖြေးဖြေးလျော့နည်းလာတော့မှ ဇွဲရန်ဖြစ်ခဲ့တာ‌ကိုတွေးမိပြီးစိတ်တိုသွားသည်။ ဒီကလေးက ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ ဆိုးသွမ်းနေပြီး တစ်ခုခုဖြစ်ရင်ဆိုပြီး ‌တွေးမကြောက်ဘဲ စိတ်အလိုလိုက်ပြီးရန်ဖြစ်ခဲ့သည်။

စီးပွားရေးမှာ ဧကရာဇ် အဖြစ်သတ်မှတ်ခံရပြီး သူ့များရဲ့ထိပ်ဆုံးမှာရပ်တည်နေတဲ့သူအဖို့‌ အလုံးစုံသန့်ရှင်းနေတာတော့ဘယ်ဟုတ်မလဲ။ အမှောင်ဘက်မှာလည်းသူဟာအာဏာရှိတဲ့လူတစ်ယောက်။ အရင်က ဇွဲရဲ့ရန်ပွဲတိုင်း သူသိပေမယ့် သူဝင်မပါခဲ့ပေ။အရှင်းဆုံးပြောရရင် ထိုရန်ပွဲထဲမှာသေသွားရင်တောင်သူဂရုစိုက်မည်မဟုတ်ပေ။သူဆိုတာအဲ့လိုသွေးအေးတဲ့လူမျိုးပင်။

အခုတော့သူဟာဇွဲရဲ့ခန္ဓာကိုယ်မှာ ခြစ်ရာလေးတစ်ခုတောင်ဖြစ်မှာစိုးရိမ်သည်။ သူလေးကို ဘယ်သူမှ မထိခိုက်စေရန် ကာကွယ်ပေးချင်သည်။သူလေးကိုထိခိုက်အောင်လုပ်သူမှန်သမျှကို အရှင်လတ်လတ် ငရဲရောက်နေသလိုမျိုးခံစားရအောင်နှိပ်စက်ပစ်မယ်ဆိုတာ မေးနေစရာတောင်မလိုပေ။

Blue eye (system)Tempat cerita menjadi hidup. Temukan sekarang