Arc 5.8

4.4K 418 10
                                    





Daddyကတစ်နေ့လုံး အလုပ်မသွားဘဲ ပိုင်ဝူယောင်ရဲ့ဘေးနားမှာအဖော်လုပ်ပေးသည်။

" daddy မနက်ဖြန်ကျရင်တော့ ရုံးကိုသွားမယ်နော် "

" မသွားရဘူး ...babyခန္ဓာကိုယ်ကအားနည်းနေသေးတယ် ..."

ပိုင်ဝူယောင်က ကုတင်ပေါ်မှာထိုင်ကာစာဖတ်နေတဲ့ daddyရဲ့ပေါင်ပေါ်သို့ခေါင်းအုံးပြီး လှဲနေတာမို့ ချင်းယွီက ပိုင်ဝူယောင်ခေါင်းလေးကိုခပ်ဖွဖွပုတ်ကာ စာဖတ်တာလည်းမပျက်စေဘဲနဲ့ပြောလိုက်သည်။

" daddyကလည်း မသွားမဖြစ်လို့ပါ ...နော် အရေးကြီးကိစ္စအတွက် ပြင်ဆင်စရာရှိတယ်"



" babyတို့အဖွဲ့ကxနယ်မြေက လေလံပွဲကို သွားမလို့မလား"


" ဟင် ? Daddyဘယ်လိုသိလဲ "

ပိုင်ဝူယောင်က daddyရဲ့ ခါးကိုဖက်လိုက်ပြီးခေါင်းလေးထောင်ကာမေးသည်။

" babyတောင်မှ daddyကို SOGရဲ့ခေါင်းဆောင်အဖြစ်သိသေးတာကို အခုကိစ္စလောက်ကိုdaddyကသိတာပေါ့ "

" ဟွန့် ! babyက  daddyကို SOGခေါင်းဆောင်လို့ဘဲ သိတာ ...SOGရဲ့ လုပ်ငန်းနဲ့ လုပ်ဆောင်ပုံတွေကိုမသိသေးဘူး "

" babyသိချင်ရင် ..နောက်ရက်ကျရင် daddyကအကုန်ပြောပြမှာပေါ့ ...အဲ့ဒီခါကျရင် daddyကိုတော့ ထောင်ထဲကိုမပို့ဘူးမလား "

" daddyနော်....."

" ဟားဟား daddyကစတာပါကွာ ...စိတ်မဆိုးပါနဲ့ "

ချင်းယွီသည် ဆူထော်နေတဲ့နှုတ်ခမ်းရဲရဲလေးကို အသည်းယားတာနဲ့ တစ်ချက်လောက်ဆွဲစုပ််လိုက်သည်။

" တကယ်တော့ ROM ကို ရီဝူရွှမ်းပိုင်တာ "

" ရီဝူရွှမ်းလား "

ဒီနာမည်ကိုပိုင်ဝူယောင်ကြားဖူးသလိုရှိသည်။ဒါပေမယ့်လည်းဘယ်မှာကြားဖူးတာလည်းဆိုတာစဥ်းစား၍မရပေ။

" ဟိုတစ်ခေါက်စားသောက်ဆိုင်မှာတွေ့ခဲ့တဲ့တသ်ယောက်လေ .... "

" daddyနဲ့ရင်းနှီးလား "

" daddyအမှောင်လောကထဲကိုစဝင်တည်းက သူနဲ့သိတာ ...ရီဝူရွှမ်းကဥာဏ်များတယ် ..ထက်မြတ်တယ် ...ကောက်ကျစ်တယ်...သူကdaddyရဲ့အရည်အချင်းကိုသိတာကြောင့် လွယ်လွယ်တော့ရန်မစဘူး ...အဲ့ဒီအစားသူကဟာကွက်ကို ချောင်းပြီးတိုက်ခိုက်တာ..အပေါ်ယံမှာတော့ သူကခင်မင်ရင်းနှီးဟန်ရှိပေမယ့် တကယ်တမ်းမှာတော့ အားနည်းချက်ကိုရှာပြီး အပြတ်ဖြတ်မလို့ ဓါးသွေးနေခဲ့တာ  "


Blue eye (system)Where stories live. Discover now