Arc 6.8

2.6K 298 13
                                    



Unicode






အချိန်အကြာကြီးအိပ်ခဲ့ရသလိုမျိုး ကြည်လင်အေးချမ်းသောခံစားချက်မျိုးဖြင့်ဂျက်ဖရီရဲ့မျက်လုံးတွေပွင့်လာသည်။သူဟာလှဲနေရာကနေ ထထိုင်လိုက်ပြီးဘေးပတ်ပတ်လည်ကိုမျက်လုံးဖြင့်ဝှေ့ကြည့်လိုက်တဲ့အခါမှာ အရာအားလုံးထူးခြားနေတာကိုတွေ့လိုက်ရသည်။ကျယ်ဝန်းသောအခန်းကြီးအတွင်းမှာအဖြူရောင်လိုက်ကာစတွေနဲ့ တန်ဖိုးကြီးအဆင်တန်ဆာတွေတန်ဖိုးကြီးပန်းချီတွေရှိနေသည့်အပြင် သူထိုင်ထားသည့်သလွန်သည်လည်းအလွန်လှပသောရွှေရောင်ဖြစ်နေကာ အရာအားလုံးက သူနဲ့စိမ်းသက်လွန်းတာကြောင့်သူအိပ်မပျော်ခင်ကဘာတွေဖြစ်ခဲ့လဲဆိုတာအသည်းအသန်စဥ်းစားနေမိသည်။သူမှတ်မိသ၍ကတော့မော်ဘလိတ်ရဲ့ဂုဏ်ပြုစားသောက်ပွဲမှာ လူများပြီးမွန်းကြပ်တာကြောင့်အပြင်ကိုထွက်သွားခဲ့ပြီးမကြာခင်မှာပင်မော်ဘလိတ်လိုက်လာခဲ့ပြီးအတူတူသောက်ခဲ့သည်။အဲ့ဒီနောက် မော်ဘလိတ်ကသူ့ကို ....မှတ်ဥာဏ်တွေတစ်ခုပြီးတစ်ခုသတိရလာတဲ့အခါမှာ ဂျက်ဖရီသည် ရှက်လွန်းလို့ကိုယ့်ကိုယ်ကိုသတ်သေချင်စိတ်တောင်ပေါက်သွားသည်။

" ငါ...ငါ..မောင်မဟုတ်တဲ့လူနဲ့ အိပ်ခဲ့မိတယ်"

မောင်မဟုတ်တဲ့တစ်ခြားသူနဲ့ဆိုတာကိုတွေးရင်းတွေးရင်းနဲ့ ဂျက်ဖရီသည် သူ့ရဲ့ဦးခေါင်းတစ်ခုလုံးထုံကျင်သွားကာယူကြုံးမရဖြစ်စွာအော်ငိုတော့သည်။

" အားးး ငါ့....ငါ့ရဲ့ခန္ဓာကိုယ်ကမသန့်စင်တော့ဘူး....အီးဟီး ...တောင်းပန်ပါတယ်မောင်ရယ် အဟင့်  ဟင့်  တောင်းပန်ပါတယ် "



ဂျက်ဖရီရဲ့ငိုသံကြောင့် အခန်းအပြင်ကအစောင့်တွေကအလောတကြီးပြေးဝင်လာသည်။

" ဧကရီ ..အဆင်ပြေရဲ့လား ??ဘယ်နားနာလို့လဲ "

မေးလည်းမေးသူ့တစ်ကိုယ်လုံးကိုလည်းအစုံအဆန်ကြည့်နေတဲ့ ကောင်မလေးရဲ့အခေါ်အဝေါ်ကြောင့် ငိုနေရာကနေကြောင်အသွားသည်။

" ဧ...ဧကရီ ဘယ်သူလဲ ? "


" အမ်? ဧကရီက ဧကရီလေ ...အော် ဧကရီက ၁၅ရက်လောက်အိပ်ပျော်နေတော့ ဒီအကြောင်းကိုမသိသေးတာဘဲ "


Blue eye (system)Where stories live. Discover now