Arc 1.4

7.9K 665 5
                                    

Unicode

အထပ်ပေါင်းများစွာရှိတဲ့အဆောက်အဦးရဲ့ထိပ်ဆုံးအလွှာကCEOရုံး‌ခန်းထဲမှာ‌ဇေကမ္ဘာဟာသူ့အရှေ့ကဖိုင်တွေကိုကြည့်ကာသက်ပြင်းချလိုက်သည်။လက်ကနာရီကိုကြည့်လိုက်တော့၃နာရီထိုးနေပြီဖြစ်သည်။

ဘာဘဲဖြစ်ဖြစ်သူ့ကလေးလေးကအရေးကြီးဆုံးဘဲ !!ဒီအလုပ်တွေကသူ့ကလေးကိုမယှဉ်နိုင်ပေ!!

ဖတ်လက်စဖိုင်ကိုအမြန်လက်စသတ်ပြီးကားသော့ဆွဲကာ ရုံးခန်းထဲကထွက်လိုက်ပြီးသူ့ကလေးလေးကိုသွားကြိုတော့သည်။

"CEO ရုံးဆင်းတော့မလို့လား? အလုပ်တွေကျန်သေးတယ်လေ"

"မင်းလုပ်လိုက်! မနက်ကျမှ ငါပြန်စီစစ်ပေးမယ်"

'......'

အတွင်းရေးမှူးလေးဟာအမြဲတမ်းနောက်ဆုံးမှရုံးဆင်းတတ်တဲ့သူတို့CEOကြီးဟာအခုလိုအစောကြီးရုံးဆင်းသွားတာကြောင့်ပါးစပ်အဟောင်းသားဖြစ်သွားသည်။မျောက်အုံးသီးရသလိုမြောက်ကြွမြောက်ကြွနဲ့ထွက်သွားတဲ့CEOကိုကြည့်ပြီးသူရဲ့ရွှေရောင်မျက်မှန်ကိုင်းလေးကိုပင့်တင်လိုက်ရင်းတွေးလိုက်မိသည်။

ငါ့ဘောစ့်ရည်းစားရနေပြီလား? ဖြစ်နိုင်တယ် !! မဟုတ်ရင် အလုပ်ကိုဘဝကြီးလို့သဘောထားတဲ့ bossက သူ့အလုပ်တွေကို ပစ်ပြီးသွားမှာမဟုတ်ဘူး!!

ရွှေအိုရောင်ပတ်ဖြန်းထားတဲ့ညနေဆည်းဆာရဲ့နေရောင်ခြည်နဲ့လိုက်ဖက်စွာ တန်ဖိုးကြီးမားလှတဲ့အနက်ရောင်ဇိမ်ခံကားတစ်စီးဟာ ကျောင်းဂိတ်ဝသို့ ဝင့်ကြွားစွာမောင်းနှင်လာသည်။ဇေကမ္ဘာကကားကိုရပ်လိုက်ပြီး ကျောင်းဝန်းထဲသို့တစ်ချက်ကြည့်လိုက်သည်။

တစ်ခြားကျောင်းသားတွေကတစ်ယောက်ပြီးတစ်ယောက်ထွက်လာပေမယ့်သူ့ကလေးလေးကမထွက်လာသေးပေ။ထိုင်မစောင့်နိုင်တာကြောင့်ကားပေါ်မှဆင်းကာအပြင်ဘက်သို့ထွက်ပြီးရပ်စောင့်နေသည်။

"ညကျရင် လာဖြစ်အောင်လာနော်... မေ့နေဦးမယ် "

"အေးပါကွာ မင်းသာဘာမှရှုပ်မထားနဲ့!!"

ဇိုင်းဟာအရက်ကြိုက်ပြီးမိန်းကလေးလည်းပွေတတ်သူဖြစ်သည်။တစ်ခါတုန်းကသူများရည်းစားကိုသွားပွေပြီးဟိုဘက်ကလူကိုလည်းရန်စလာခဲ့သေးသည်။ရလဒ်အနေနဲ့အိမ်ပြန်လမ်းမှာအဖွဲ့လိုက်အဝိုင်းခံရသည်။

Blue eye (system)Where stories live. Discover now