Arc 4.14

3.9K 423 14
                                    


" မင်းက ဆံနွယ်ဖြူရှင် မိန်းကလေးလား ? "

ရေခဲစွမ်းအင်ထုတ်သုံးရုံလေးနဲ့တင် မှတ်မိနေတဲ့ ရှောင်အန်းကျစ်ကိုတော့ လေးစားမိပါရဲ့။သို့ပေမယ့် ဝမ်လီဖးသည် သူ့ကိုယ်သူထုတ်ဖော်ပြဖို့အစီအစဥ်မရှိပေ။

" ငါ့မှာမိန်းခလေးနဲ့တူတဲ့အရာကိုတွေ့မိလို့လား ? အဟက် !ရယ်စရာဘဲ ရှုံးသွားတာကိုလက်မခံချင်လို့သွေးရူးသွေးတန်းတွေပြောနေတာလား? "


/ ဒီတစ်ယောက်ကဘယ်သူလဲ ? သူ့ဆီမှာဘဲရှိတဲ့စွမ်းအားတွေက ဘာလို့ ဒီတစ်ယောက်ဆီမှာတွေ့နေရတာလဲ ? /

ရှောင်အန်းကျစ်သည် သူ့ကိုယ်ထဲက ဝိဥာဥ်၏ စိတ်လှုပ်ရှားစွာပြောလာတဲ့အသံကို ပထမဆုံးအကြိမ် လျစ်လျူရှုကာ သူ့စွဲလမ်းနေတဲ့သူက ရန်သူလို့ သတ်မှတ်ထားတဲ့သူဖြစ်နေတာကိုအံ့သြမဆုံးဖြစ်လို့နေသည်။

" ကိုယ်သွေးရူးသွေးတန်းလျှောက်ပြောတာမဟုတ်ဘူး ....သေချာတယ် မင်းကအဲ့ဒီမိန်းကလေးဘဲ  "

စောနကလိုအထက်စီးဆန်ခြင်းမျိုးမရှိတော့ဘဲချက်ချင်းအပြောအဆိုနူးညံ့သွားတဲ့ ရှောင်အန်းကျစ်ကို အားလုံးကတအံ့တသြငေးကြည့်နေကြသည်။


ထိုအချိန်တွင် အစီအစဥ်ကြီးကြပ်ရေးမှူးကလည်း အနိုင်အရှုံးကိုကြေငြာပြီးတာကြောင့် ဝမ်လီဖေးသည် ရှောင်အန်းကျစ်ကိုအရေးမလုပ်တော့ဘဲ ပြိုင်ပွဲစင်ပေါ်မှဆင်းကာ ကောင်းကင်တိမ်တိုက်ဂိုဏ်းသားတွေရပ်နေတဲ့နေရာကို၍ဦးတည်ပြီး လျှောက်သွားသည်။ထို့နောက် သူ့ဆရာကိုနှုတ်ဆက်ပြီး ရင်ထဲမှာလွှမ်းမိုးနေတဲ့ခံစားချက်တွေကြောင့် သူ့ရဲ့ခြေလှမ်းတွေဟာ ဦးတည်ရာမရှိရွေ့လျားနေသည်။

[ host အဆင်ပြေရဲ့လား ?]

' အင်း ပြေပါတယ် '

[ host. .မလိမ်နဲ့ ! hostလုံးဝအဆင်ပြေမနေဘူး ဆိုတာကျွန်တော်သိတယ်]

' တံခွန် ..မင်းပြောကြည့် ...မောင်ကငါ့အပေါ်ကိုရက်ရက်စက်စက်ဆက်ဆံခဲ့ပြီးမှ အခုဘာလို့ငါ့နောက်ကိုအတင်းလိုက်လာတာလဲ ?'

[ အဲ့ဒါက .....]

' ငါ့ကမ္ဘာကိုပြန်သွားရင် မောင်ကအရင်လိုဘဲငါ့ကိုလျစ်လျူရှုတော့မှာ.....ငါခံစားရအောင်လုပ်မှာ ငါသိနေတယ်'

Blue eye (system)Where stories live. Discover now