Arc 5.12

3.7K 357 8
                                    



Unicode




ဒေါက် ! ဒေါက်!ဒေါက်!


" ဝင်ခဲ့ပါ "


" စီနီယာ "


ချန်ကျင်းလန်က ပိုင်ဝူယောင်ရဲ့အမောတခေါဖြစ်နေသောမျက်နှာလေးကိုကြည့်ကာအံ့သြသွားသည်။အမှုကအရေးကြီးနေတာကြောင့်သိပ်မကြာခင်အချိန်ကမှအဖွဲ့သားအားလုံးကိုထမင်းစားဖို့ခွင့်ပြုခဲ့တာဖြစ်သည်။အခုဒီကောင်လေးကသူ့ဆီကိုရောက်လာတယ်ဆိုတော့–

" ယောင်လေး နေ့လယ်စာမစားဘူးလား "

" စားပြီးသွားပါပြီ ..ကျွန်တော်တစ်ခုတင်ပြစရာရှိလို့ ဒီမှာကြည့် "


" ဒါက ...."

ချန်ကျင်းလန်သည် 'ဒါကဟုတ်ရောဟုတ်ရဲ့လား 'ဆိုသည့်မေးခွန်းကိုမေးမလို့လုပ်ပြီးခါမှလည်ချောင်းတွင်းသို့ပြန်မြိုချလိုက်သည်။ယောင်လေးစုံစမ်းသမျှကိစ္စတိုင်းကဘယ်တုန်းကမှားခဲ့တာရှိလို့လဲ ???


" ဒီလိုသေးငယ်တဲ့လုပ်ငန်းလေးကိုရင်းနှီးမြှုပ်နှံဖို့ဘာကများသူတို့ကိုဆွဲဆောင်လိုက်တာလဲဆိုတာစဥ်းစားမရဘူး "

ပိုင်ဝူယောင်ကတွေးဆဆလေးပြောသည်။ရီအဖိုးကြီးပို့လိုက်တဲ့အချက်အလက်က ကျန်းအိမ်နဲ့စူးအိမ်တော်ပူးပေါင်းထားသည့်ကိစ္စပင်။ရီအဖိုးကြီးကအရေးကြီးတဲ့အချက်အလက်ကိုပို့ပေးလိုက်တာဘဲ ။ဒီလိုကြတော့လည်းဘယ်ဆိုးလို့လဲ။

" စူးအိမ်တော်ကသူတို့အကျိုးအမြတ်မရမဲ့ကိစ္စကိုတော့လုပ်မှာမဟုတ်ဘူး ...ကျန်းအိမ်ကနေတစ်ခုခုကိုလိုချင်လို့ရင်းနှီးမြှုပ်နှံတာဘဲဖြစ်ရမယ် "

ချန်ကျင်လန်ကထိုသို့ပြောပြီးခါမှတစ်စုံတစ်ခုကိုသတိရသွားကာ

" ယောင်လေး ဒီဓါတ်ပုံကိုကြည့်ပါဦး "

ချန်ကျင်းလန်ပြသည့်ပုံကကျန်းလုချီရဲ့လည်းပင်းကိုလှီးဖြတ်ထားသည့်ဓါးဒဏ်ရာဖြစ်သည်။အမှတ်တမဲ့ကြည့်ရင်ပုံကမထူးခြားသော်လည်းသေချာစူးစိုက်ကြည့်သောအခါဒဏ်ရာရဲ့ဘေးနှုတ်ခမ်းသားတွေဟာမညီမညာဖြစ်နေကာအနည်းငယ်ဖွာနေသည်။

Blue eye (system)Where stories live. Discover now