Arc 6.3

3K 307 3
                                    


Unicode




တောစပ်သို့ရောက်သောအခါမှာ ချာဝီဆင်ကတစ်စုံတစ်ခုကိုပြောရခက်နေဟန်ဖြင့် အားတုံ့အားနာလှည့်ကြည့်လာသည်။

" ကျွန်တော့်ကိုတစ်မျိုးတော့မထင်ပါနဲ့ ...ဟို ...."

" အကိုပြောစရာရှိတာကိုပြောပါ ..."

" စစ်သူကြီးနဲ့တွေ့ဖို့ကျတော့ အမှတ်အသားတစ်ခုခုပါမှဖြစ်လိမ့်မယ် ....မဟုတ်ရင် တွေ့ရတာခက်ခဲလိမ့်မယ် "

စစ်သူကြီးကားလ်ဘယ်က အင်အားကြီးခံတပ်ကိုအုပ်ချုပ်နေရသူဖြစ်တာကြောင့် အရမ်းသတိကြီးသည်။စစ်သူကြီးသတိထားမိလောက်တဲ့အထောက်အထားမျိုးတစ်ခုပြမှသာ သူတို့ကတွေ့ခွင့်ရမှာဖြစ်သည်။မင်းသားဂျက်ဖရီမှာ အယ်လီဘားမားရဲ့တော်ဝင်အမှတ်တံဆိပ်ပါတဲ့ဓားရှိပေမယ့်လည်း အယ်လီဘားမားရဲ့အခြေအနေကမငြိမ်သက်သည်မို့ အခွင့်အရေးသမားတွေကတစ်ခုခုလုပ်မှာစိုးရိမ်ရသည်လေ။

" အဲ့အတွက် မပူပါနဲ့ ...ဒီပစ္စည်းကိုယူသွားလိုက်ပါ "

လက်ထဲသို့ရောက်လာတဲ့ပစ္စည်းဟာ တစ်ခြားထူးခြားတဲ့ပစ္စည်းမျိုးမဟုတ်ဘဲ လှပတဲ့ဆံထိုးတစ်ချောင်းဖြစ်နေတာကြောင့် ချာဝီဆင်အံ့သြသွားသည်။သို့ပေမယ့် ဘာမှပြန်မပြောဘဲ ဂျက်ဖရီတို့ကို ခံတပ်ရဲ့ဂိတ်ဝမှာခနစောင့်ခိုင်းကာ စစ်သူကြီးရဲ့ တဲသို့အမြန်ဝင်သွားသည်။ထိုဆံထိုးလေးက ဂျက်ဖရီရဲ့မယ်တော်ပိုင်တဲ့ပစ္စည်းလေးဖြစ်သည်။



" ကိုကို ...."

" ဟင် "

" ကျွန်တော်တို့က ဒီကိုဘာလို့လာတာလဲဟင် "

မော်ဘလိတ်ကနားမလည်သလိုမေးလိုက်တော့ ဂျက်ဖရီက မော်ဘလိတ်ရဲ့ခေါင်းလေးကိုပုတ်ကာပြန်ဖြေသည်။

" ဘာလို့ဆို နောက်ဆိုရင်ကိုကိုတို့ကဒီမှာနေမှာလေ "

"နန်းတော်ကိုမပြန်ရတော့ဘူးလား "

ဂျက်ဖရီကတော့ ကူးပြောင်းလာသူမို့ နန်းတော်ကိုသံယောဇဥ်မရှိပေမယ့် မော်ဘလိတ်ကတော့ထိုသို့မဟုတ်ပေ။မွေးကတည်းက နန်းတော်မှာဘဲနေလာခဲ့သူမို့ မခွဲခွာချင်ပေ။ဒါကိုဂျက်ဖရီကနားလည်သည်မို့စိတ်မကောင်းဖြစ်သွားသည်။

Blue eye (system)Where stories live. Discover now