Arc 3.1 ( လီချူးဟန် )

7.5K 572 1
                                    



သူ့မျက်လုံးကိုဖွင့်ဖွင့်ချင်းမြင်ကွင်းထဲဝင်လာတဲ့ ပုံရိပ်လေးကြောင့် တေးရတု မှင်သက်သွားရသည်။ ငွေ‌ဖြူရောင်မျက်နှာဖုံးအောက်က လှပတဲ့မျက်ဝန်းပြာဝိုင်းဝိုင်းကြီးတွေက သူ့ရဲ့ကိုယ်ပိုင်ထူးခြားမှုအဖြစ် ကမ္ဘာတိုင်းမှာ ပါလာတတ်ပြီး အသဲပုံ ပုံသဏ္ဌာန်နီနီရဲရဲနှုတ်ခမ်းပါးလေး နဲ့ ခပ်ချွန်ချွန်မေးလေးက မြင်သူတကာအကြည့်မလွှဲရက်လောက်လှရက်လွန်းသည်။

ထိုအပြင် သေးသွယ်သောနဖူးကျဉ်းကျဉ်းလေးနဲ့ မထူမပါးမျက်ခုံးနှစ်ခုကြားက နီရဲရဲအမှတ်လေးက ပနံသင့်စွာလိုက်ဖက်လို့နေသည်။ မျက်နှာကိုဖုံးအုပ်ထားသော်ငြား ဖြူဖွေးသော အသားအရေနှင့်အတူ နက်မှောင်သောဆံနွယ်ရှည်တွေနဲ့ဒီလူကလှပသည်ထက်ပိုလွန်းသည်။

သူ့ရှေ့ကပုံရိပ်လေးမှာ ကျောက်စိမ်းပန်းပုလေးလို ကြည်လင်ကာ ရှုမငြီးဖွယ်ကောင်းအောင်လှပလွန်းသော်လည်း တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းပါးလေးတွေအရ မာနကြီးသောအလှလေးဖြစ်ပုံရသည်။

[ အဟမ်း..အဟမ်း host ငမ်းလို့ပြီးပြီလားဗျ ]

[ ငါ ဘယ်မှာငမ်းလို့လဲ ? ငါဝင်ရတဲ့ရုပ်ရည်ကိုအနည်းငယ်အကဲခတ်နေတာပါကွာ ]

[ အဟမ်း..ထားပါတော့ ဇာတ်ကြောင်းလွှဲပေးမယ် ]

[အင်း ]

ဇာတ်ကြောင်းလွှဲပေးနေပါသည် - 1%....20%...35%...50%....65%....80%....95%....100%

တေးရတုဇာတ်ကြောင်းဖတ်ကြည့်လိုက်တော့ ဒီကမ္ဘာက ဇာတ်လိုက်မ ကိုဦးစားပေးထားသောဇာတ်လမ်းဖြစ်သည်။သူစဉ်းစားမရတာကတော့ ဇာတ်လိုက်မကဘာလို့ယောကျာ်းဖြစ်နေတာလဲဆိုတာတာဘဲ။ ဇာတ်ကြောင်းကိုဆက်ဖတ်တော့မှသဘောပေါက်သွားသည်။ဒီကမ္ဘာမှာ ယောကျာ်း ၊မိန်းမ ၊ကောဆိုပြီး လိင်အမျိုးအစားသုံးမျိုးရှိတယ် ။‌ကောတွေကနူးညံ့လှပပြီး ကျူးရှားရစ်ဆိုတဲ့အမှတ်လေးပါကာ ကလေးမွေးနိုင်တယ်။ကျူးရှားရစ်ကအရောင်တောက်လေ ကလေးများများမွေးနိုင်လေဖြစ်ပြီး မွေးတဲ့ကလေးတွေကလည်းသန့်ရှင်းစင်ကြယ်ကာထက်မြတ်တဲ့သူတွေပင်ဖြစ်သည်။ဇာတ်လိုက်မနာမည်က ကျင်းရိရှင်းဖြစ်ပြီး ယောကျာ်းလေးအင်္ဂါနဲ့ ကောတစ်ယောက်ဖြစ်တယ်။ သူ့ရဲ့ ကိုယ်လုပ်တော်ဘဝကနေ ဧကရီတစ်ပါးဖြစ်တဲ့အထိ ကြိုးစားခဲ့ပုံကိုအမျိုးမျိုးအမွှန်းတင်ထားသည်။ ထန်ပြည်‌ထောင်စုရဲ့ အမတ်ချုပ်အိမ်တော်ကအချစ်ခံလေးဖြစ်ပြီး နူးညံ့လှပပြီး ကြင်နာတတ်တာကြောင့် နာမည်ကြီးသည်။သူရဲ့လှပတဲ့ရုပ်ရည်နဲ့ ရဲရဲတောက်နေတဲ့ ကျူးရှားရစ်ကြောင့် သူအရွယ်ရောက်တည်းက သူ့အိမ်ရှေ့မှာ တန်းစီနေတဲ့ယောကျာ်းတွေဟာ မနည်းမနောပင်။သူကဇာတ်လိုက်ကိုမြင်မြင်ချင်းချစ်မိတာကြောင့် ဖခင်ကိုအပူကပ်ခဲ့သည်။သားဖြစ်သူရဲ့ဆန္ဒမှန်သမျှကိုဖြည့်‌ဆည်းပေးတဲ့ အမတ်ချုပ်ကြီးကလည်း မြေးတော်လိုချင်နေတဲ့ မယ်တော်ကြီးကို စည်းရုံးပြီး ကိုယ်လုပ်တော်မြှောက်ဖို့အကြံ‌ပေးခဲ့သည်။ မယ်တော်ကြီးကလည်း ကျင်းရိရှင်းဟာ နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်တယ်လို့မြို့တော်မှာနာမည်ကြီးတာကြောင့် သူမရဲ့သားတော်လူကြမ်းကြီးရဲ့နှလုံးသားကိုသိမ်းပိုက်နိုင်မယ်လို့ယူဆကာ လက်ခံခဲ့သည်။ဇာတ်လိုက်မက ဇာတ်လိုက်ရဲ့ကိုယ်လုပ်တော်တွေထဲက ပထမဆုံးသောသူဖြစ်သည်။သူဟာ ဇာတ်လိုက်ကိုအမျိုးမျိုးမြူဆွယ်သော်လည်း ဇာတ်လိုက်ရဲ့ အာရုံစိုက်မှုကိုလုံးဝမခံရပေ။

Blue eye (system)Where stories live. Discover now