Arc 1.12 ( End)

6.8K 579 2
                                    

Unicode

ဇေကမ္ဘာကသူ့‌ သူ့ရှေ့မှာ ပူးကပ်နေတဲ့လူနှစ်ယောက်ကြောင့်ဒေါသထွက်သွားကာ ဇွဲကိုထိုမိန်းမဆီကဆွဲခွာလိုက်ရင်း သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး ထိုမိန်းမကို နံရံသို့ကိုင်ပေါက်လိုက်သည်။

အားးး

" ဒါ... ဒါ ဘယ်လိုဖြစ်တာလဲ "

" အဟင့် ... ဟင့် ...ကျောင်းအုပ်ကြီး ကျွန်မအတွက်တရားမျှတအောင်လုပ်ပေးပါ ...အင့်"

ကျောင်းအုပ်ကြီးမှာအကြပ်ရိုက်သွားရသည်။‌ အေးစက်ပြီးကြောက်စရာ‌ကောင်းတဲ့အရှိန်အဝါတွေထုတ်လွှတ်နေတဲ့ ဇေကမ္ဘာကိုတစ်လှည့် စုတ်ပြတ်ပေါက်ပြဲနေတဲ့အဝတ်အစားတွေနဲ့မိန်းကလေးကိုတစ်လှည့်ကြည့်ကာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေသည်။

ဇိုင်းနဲ့ ရွှေစင်ဟာဒီအဖြစ်အပျက်ကိုမယုံကြည်နိုင်စွာဖြစ်ကာ ဇေကမ္ဘာရဲ့ရင်ခွင်ထဲမှာ ပျော့ခွေစွာမှီနေတဲ့ ဇွဲကိုကြည့်လိုက်သည်။ဇွဲဟာဆိုးပေမယ့် ဒီလိုယုတ်ညံ့တဲ့ အလုပ်ကိုဘယ်တော့မှလုပ်မှာမဟုတ်ဘူးဆိုတာသူတို့သိသည်။

ဘယ်ဟာက ဘယ်လိုစမှားခဲ့တာလဲ??

လွန်ခဲ့သောအချိန်အနည်းငယ်က...

ကျောင်းဆောင်ကိုဦးတည်နေတဲ့ ခြေသံတွေကြောင့် ဖူးပွင့်ဖြူဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်သွားသည်။လူတွေရောက်လာတာလား?? အခုချိန်ရောက်လာရမှာမဟုတ်ဘူး လေ? ဘာလို့ အစောကြီး လာရတာလဲ...

" ရှင် ...ရှင်တို့သုံးယောက် အနောက်ပြတင်းပေါက်က‌နေပြေးလိုက်တော့ "

သူမစကားကြားတာနဲ့ ထိုသုံးယောက်ဟာ ပြတင်းပေါက်ကိုဖွင့်ကာ အလုအယက်ပြေးသွားကြသည်။

ဇွဲကတံခွန်ဆီက ဖြေဆေးကိုတောင်းကာသောက်လိုက်သည်။ဆေးအာနိသင်က‌ပြင်းတဲ့အတွက်ကြောင့် ခနနေမှ အကောင်းတိုင်းပြန်ဖြစ်မည်။

ထိုစဉ် ဖူးပွင့်ဖြူက သူမအင်္ကျီကိုဖြဲလိုက်တာကြောင့်သူကြောင်အသွားသည်။သူမကအင်္ကျီဖြဲပြီးတော့ ဆံပင်တွေကိုအနည်းငယ်ဖွလိုက်ကာသူ့ဆီလျှောက်လာသည်။

Blue eye (system)Dove le storie prendono vita. Scoprilo ora