Arc 6.1 (ဂျက်ဖရီ)

4.9K 395 24
                                    



Unicode





တေးရတုကူးပြောင်းလာချင်းချင်းသူ့လက်မှာမီးလောင်နေတာကိုတွေ့တော့လန့်သွားသည်။

'Fuck! ငါ့လက်မီးလောင်နေပြီ !လုပ်ပါဦး !တံခွန်ရေ ! '

[ host !အသံဗြဲကြီးနဲ့အော်ခေါ်မနေနဲ့ !မီးလောင်တာမဟုတ်ဘူး...အဲ့ဒါ hostကိုယ်ကထွက်တဲ့စွမ်းအားတွေ ...နောက်ပြီးဘေးကိုလည်းကြည့်ဦး ]

စတွေ့တုန်းကလိုခပ်ချေချေ ပုံစံလည်းမဟုတ် ၊ဘယ်သူ့ကိုမှဂရုမစိုက်တဲ့ မထုံတက်တေးပုံစံနဲ့လည်း မဟုတ်ဘဲအကြောက်လွန်ပြီးအသားကုန်အော်နေတာကြောင့်systemမှာတော်တော်အံ့သြသွားသည်။တကယ်ဆိုhostကဘာကိုမှမကြောက်တတ်တဲ့ပုံစံ ၊အဆင်ပြေနေတဲ့ပုံစံကိုဟန်ဆောင်နေခဲ့တာဘဲ။ဒါဆို ရှယ်ယာရှင်များစွာရှိတဲ့companyကိုhostတစ်ယောက်တည်း အုပ်ချုပ်ခဲ့တုန်းကဘယ်လောက်တောင်ခက်ခဲပင်ပန်းခဲ့လိုက်မလဲ။ထိုအကြောင်းကိုတွေးလိုက်မိသည်နှင့်တစ်ပြိုင်နက် system ရဲ့အသံသည်လည်းတဖြေးဖြေးနူးညံ့လာခဲ့သည်။

တေးရတုကတံခွန်ရဲ့စကားကြောင့် ဘေးပတ်ပတ်လည်ကိုကြည့်လိုက်တော့ သူဟာကျောက်သားလှေကားထစ်များစွာရှိသောစင်မြင့်တစ်ခုပေါ်မှာရပ်နေပြီး သူ့ရှေ့မှာလည်း ဖြည်းဖြည်းချင်းစီလှည့်ပတ်နေတဲ့ အကြည်ရောင်ကျောက်တုံးလေးတစ်ခုရှိနေလေသည်။ထို့အပြင် သူ့ရဲ့လှုပ်ရှားမှုကိုအသေးစိတ်ကြည့်နေကြသောဘေးပတ်ပတ်လည်ကလူတစ်စုကိုလည်းတွေ့လိုက်ရလေသည်။ထိုလူတွေကြားထဲမှာသူ့ကိုအလွန်မုန်းတီးရွံရှာစွာကြည့်နေသောလူတစ်ချို့ရှိကြောင်းကိုလည်းသတိပြုမိလေသည်။

" စမ်းကြည့်လည်းအပိုဘဲဟာကို ...မင်းသားဂျက်ဖရီကငယ်ငယ်တည်းကအသုံးမကျတဲ့မင်းသားလေ "


" ဟုတ်တယ် ....မင်းသားလေးလီနွန်ဖာကသာ သိပ်သည်းခိုင်မာတဲ့ရေစွမ်းအားကိုရရှိထားတာ.... မင်းသားလေးကသာအမြင့်မြတ်ဆုံးဘဲ "

'တံခွန်ရေ အခုငါဘာလုပ်ရမှာလဲ '

ပိုင်ဝူယောင်သည်ကျောက်တုံးနဲ့ သူ့ကိုယ်လုံးကြားထဲမှာ တန်းလန်းကြီးဆန့်ထားသောလက်ကိုကြည့်ကာ ကြောင်တောင်တောင်လေးဖြစ်နေသည်။သူကူးပြောင်းလာခဲ့ပြီး ဇာတ်ကြောင်းကိုမဖတ်ရသေးခင်မှာပင် အခုလိုအခြေအနေကိုရင်ဆိုင်နေရသည်။ဒီမှာရှိနေတဲ့လူတော်တော်များများက မူလပိုင်ရှင်ကိုသဘောမကျဘူးနဲ့တူပါတယ်။စောနကသူ့လက်ကနေထွက်လာတဲ့မီးတောက်တွေဟာ သူ့ကိုယ်နဲ့ကွယ်နေတာမို့ ထိုလူတွေကမတွေ့မိဘဲနဲ့သူ့ကိုလုံးဝအသုံးမကျတဲ့လူတစ်ယောက်လိုပြောဆိုနေသည်။

Blue eye (system)Where stories live. Discover now