Arc 1.5

7.8K 654 1
                                    


Unicode

ဇွဲအိမ်ပြန်ရောက်ချိန်မှာတော့ ခြံထဲကမီးတိုင်တွေရဲ့အလင်းဖျော့ဖျော့ကလွဲ၍ မည့်သည့်အလင်းရောင်နဲ့ လှုပ်ရှားမှုမှမရှိတော့ချေ။အိမ်ထဲတစ်ချက်လှမ်းကြည့်လိုက်တော့ တစ်အိမ်လုံးမှောင်မဲနေသည်။အခုချိန်မှတော့အကုန်လုံးအိပ်ကြပြီထင်သည်။ကားကိုဂိုထောင်ထဲမှာရပ်ပြီးအိမ်ထဲဝင်လိုက်သည်။ဧည့်ခန်းကလည်းမှောင်နေတာကြောင့်သူ့မှာဂရုတစိုက်နဲ့လျှောက်နေရသည်။

"ပြန်လာပြီလား?"

"ဗုဒ္ဓေါ!"

ဘယ်သူ့မှမရှိဘူးအထင်နဲ့ဧည့်ခန်းကိုဖြတ်လျှောက်လာပြီးလှေကားပေါ်တက်မည်အလုပ်‌အနောက်ကထွက်လာတဲ့အသံကြောင့်သူ့မှာလန့်ပြီးထခုန်မိမတတ်ပင်။

fuck သရဲတစ္ဆေလိုပေါ်လာရလားဟ! လန့်ပြီးသေတော့မလို့ဘဲ!

ဇွဲကသူစိတ်ထင်နေတာလားတော့မသိပေမယ့်အမှောင်ထဲမှာတောင်ချောမောနေဆဲဖြစ်တဲ့ဇေကမ္ဘာရဲ့မျက်နှာဟာတင်းမာနေသည်။သို့ပေမယ့်ဇွဲကိုတော့သူကနူးညံ့စွာစကားဆိုသည်။

"ဘာလို့ဒီလောက်နောက်ကျနေတာလဲ ?မင်းအရွယ်ကဒီအချိန်ထိအပြင်မှာလျှောက်မသွားသင့်ဘူးလေ"

"သူငယ်ချင်းနဲ့စကားပြောတာကြာသွားလို့၊နောက်ပြီးကျွန်တော်ကအရွယ်ရောက်ပြီးသားလူတစ်ယောက်ဖြစ်နေပြီဗျ ၊ကလေးမဟုတ်တော့ဘူး"

သူ့ကိုကလေးတစ်ယောက်လိုဆက်ဆံနေတာကိုတကယ်မကြိုက်လေဘူး။သူရဲ့အသက်က18နှစ်ပြည့်ပြီးလို့နှစ်နှစ်တောင်ကျော်ပြီဖြစ်သည်။‌ဒီခန္ဓာကိုယ်ရဲ့အသက်ကငယ်ပေမယ့်တေးရတုရဲ့ဝိဉာဉ်က တော့26နှစ်လေ။

နောက်ပြီးဇေကမ္ဘာကအဲ့အရွယ်တုန်းကဆိုရင်သူ့ဖခင်ရဲ့လုပ်ငန်းတစ်ချို့ကိုတောင်ဦးစီးပြီးအောင်မြင်မှူ‌တစ်ချို့တောင်ရနေပြီဖြစ်သည်။သူ့ကိုကျတော့အရွယ်မရောက်သေးတဲ့ကလေးတစ်ယောက်လိုဆက်ဆံနေသည်။

မတရားလိုက်တာ!!!

"မင်းကကိုယ့်အတွက်တော့အမြဲတမ်းကလေးဘဲ''

ဇွဲကသာခပ်စွာစွာပြောနေပေမယ့်ဇေကမ္ဘာကတည်ငြိမ်စွာခပ်တိုးတိုး‌ပြန်ဖြေသည်။သူလေးကအရွယ်ရောက်နေလို့ကိုပိုပြီးစိတ်မချတာ၊သူလွှတ်ထားတဲ့လူတွေကဇွဲclubတစ်ခုကိုဝင်သွားတယ်လို့ပြောတည်းကသူ့မှာထိုင်မရ၊ထမရနဲ့မီးကျီးခဲဖင်ခုထိုင်ထားရသလိုဘဲ၊ဒါပေမယ့်မိန်းကလေးကိစ္စမရှိတာကြောင့်သာသူလွှတ်ထားခြင်းပင်၊သို့မဟုတ်ပါကချက်ချင်းလိုက်သွားပြီးပြန်ဆွဲခေါ်လာမှာအသေအချာဘဲ။

Blue eye (system)Where stories live. Discover now