Arc 6.11

2.7K 322 19
                                    

Unicode



ဂျက်ဖရီကညီလာခံခန်းမသို့ရောက်သွားတော့ ရာထူးအလိုက်တန်းစီနေတဲ့ နတ်ဘုရားတွေရဲ့အရှေ့ဆုံးကိုသွားလိုက်သည်။ထိုနေရာမှာတော့ရောက်နှင့်နေပြီဖြစ်သောဇာတ်လိုက်မလီနွန်ဖာနဲ့ထိပ်တိုက်တွေ့လိုက်လေရာ ထိုကောင်လေးရဲ့နူးညံ့ချင်ယောက်ဆောင်နေတဲ့အပြုံးနုနုတွေကိုကြက်သီးထဖွယ်ခံစားလိုက်ရသည်။ထိုအပြုံးတွေကိုမသိချင်ယောင်ဆောင်ကာ တစ်ဖက်သို့လှည့်ပြီး ခမည်းတော်ကိုဂါရဝပြုလိုက်သည်။

" နတ်ဘုရားစမ်းသပ်ချက်ကိုအောင်မြင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ် သားတော် "

ကောင်းကင်အရှင်က ပြုံးပြီးပြောလိုက်ပြီး  ထူးချွန်းလွန်းတဲ့သူ့ရဲ့နှစ်ပါးကြောင့်အလွန်ဂုဏ်ယူမိလေသည်။သူကစမ်းသပ်ချက်ပြီးတည်းက သားတော်နဲ့တွေ့ချင်ပေမယ့် အနားယူနေတယ်ဆိုတာကြောင့် အနှောက်အယှက်မပေးခဲ့ပေ။ထို့နောက်သူကညီလာခံကိုရောက်လာတဲ့နတ်ဘုရားတွေအားလုံးကိုကြည့်ကာပြောသည်။

" ဒီနေ့ညီလာခံမှာပြောမဲ့အကြောင်းအရာအားလုံးသိပြီးကြမယ်ထင်တယ် ....နတ်ဆိုးတိုင်းပြည်မှာ နတ်ဆိုးအရှင်ပြန်လည်နိုးထလာခဲ့တာဟာ ကိုယ်တော်တို့အတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်စေတယ် ....  "

အကုန်လုံးကစိုးရိမ်သောကရောက်နေကြရာ နှစ်သောင်းချီကြာအောင်ငြိမ်းချမ်းနေတဲ့ နေရာလေးတွေကသွေးတွေနဲ့ပြည့်နှက်သွားမှာကိုမမြင်လိုချင်ကြပေ။

" နတ်ဆိုးဆိုတဲ့မျိုးနွယ်က ဘယ်တုန်းကမှကျွန်တော်မျိုးတို့အတွက်ကောင်းကျိုးမဖြစ်စေဘူး ....ဟိုဘိုးဘေးဘီဘင်တည်းကသူတို့နဲ့စစ်ပွဲတွေတောက်လျှောက်ဖြစ်လာခဲ့တာ "

သက်တမ်းအနည်းငယ်ကြီးနေပြီဖြစ်တဲ့ နတ်ဘုရားကပြောပြီးသက်ပြင်းချလိုက်သည်။သူကနှစ်သောင်းချီကြာကတိုက်ပွဲကိုမှီခဲ့ပြီး သွေးချောင်းစီးပွဲကိုမျက်မြင်တွေ့ခဲ့လေရာနတ်ဆိုးတွေကိုမုန်းလေသည်။

" နတ်ဆိုးအရှင်က ကျွန်တော်မျိုးတို့အတွက် ရန်သူလား မိတ်ဆွေလားဆိုတာမသိသေးတဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားသင့်ပါတယ်အရှင် "

Blue eye (system)Where stories live. Discover now