Arc 2.9

5.2K 481 2
                                    


Unicode

နန်းတော်လိုမျိုးခမ်းနားတဲ့ အထပ်သုံးထပ်ရှိတဲ့အိမ်တော်ကြီးဟာ ကြီးမားကျယ်ဝန်းသော ခြံထဲတွင်ထည်ဝါစွာတည်ဆောက်ထားသည်။ အိမ်တော်ရှေ့က ရေပန်းနဲ့ ဥယျာဉ်‌ငယ်လေးဟာ ထိုအိမ်ကြီးကိုပိုပြီး ထည်ဝါအောင်ပံပိုးပေးနေသည်။

ရှင်းဇီရန်ကသူ့မိဘတွေကိုအသိမပေးဘဲတစ်နှစ်ကျော်လောက်ထွက်ပြေးသွားခဲ့ပြီး အခုပြန်လာ တော့လည်းအသိ‌မပေးဘဲပြန်လာတာဖြစ်သည်။ ထို့ကြောင့် ခြံစောင့်တွေကသူ့ကိုလည်းမြင်ရော အံ့ဩကုန်ကြသည်။

" သ..သခင်လေး "

" ဟုတ်တယ် ငါဘဲ.....ခြံတံခါးမြန်မြန်ဖွင့်!! "

" ဟုတ် ...ဟုတ်ကဲ့ "

ရှင်းဇီရန်ရဲ့အမိန့်သံအဆုံးမှာ ခြံတံခါးသည်လျှင်မြန်စွာပွင့်သွားသည်။

သူကကား‌ပေါ်မှဆင်းကာအိမ်တော်ထဲကိုဝင်လိုက်သည်။သူ့ကိုငယ်ငယ်တည်းကထိန်းကျောင်းခဲ့တဲ့အန်တီဝမ်က အစေခံမလေးတွေကိုညွှန်ကြားပေးနေရင်းသူ့ကိုလည်းတွေ့ရောအံ့သြသွားဟန်မျက်လုံးတွေကပြူးကျယ်သွားရင်းသူမကမျက်‌ရည်တွေကျလာကာ....

" သ..သခင်လေး ....ဘယ်တွေသွားနေတာလဲ?? အဆင်ရောပြေရဲ့လား..သခင်မကြီး ....ဒီမှာကြည့်ပါဦး!! သခင်လေးပြန်လာပြီ... "

" ကျွန်တော်အဆင်ပြေပါတယ် ....အန်တီဝမ်ရဲ့ "

မားကလည်းအောက်ထပ်ကဆူညံသံတွေကြောင့်ဆင်းလာသည်။

" ဘာတွေများအော်ကြီးဟစ်ကျယ်ဖြစ်နေတာလဲ အစ်မဝမ်ရယ် ဟင်....သားလေး "

ရှင်းဇီရန်က သူ့မားမားကိုပြေးဖက်လိုက်ရင်း....

" မား...နေကောင်းရဲ့လား...သားအရမ်းလွမ်းနေတာ"

" လွမ်းနေတယ်ဆို‌ပြီး...အခုမှ‌အိမ်ပြန်ရကောင်းမှန်းသိတယ်ပေါ့ ... "

" ပါး ! "

မားရဲ့အနောက်ကနေလိုက်လာတဲ့ ပါးပါးကပြောသည်။သူ့လေသံကအနည်းငယ်မာနေသော်လည်းမျက်လုံးတွေကမူ ပျော်ရွှင်နေဟန်ပင်။

" ရှင်ကလည်း...သားလေးကအခုမှအိမ်ပြန်လာတာကိုမဆူပါနဲ့ ..."

" အေး မင်းအဲ့လိုအလိုလိုက်နေလို့ ....မင်းသားကအိမ်ကထွက်ပြေးတဲ့အထိကိုအတင့်ရဲနေတာ "

Blue eye (system)Where stories live. Discover now