Arc 6.9

2.7K 304 9
                                    


Unicode



ရွှေရောင်အနားကွပ်ထားသောအနက်ရောင်ဝတ်ရုံရှည်ကိုဝတ်ဆင်ထားတဲ့မော်ဘလိတ်က မနက်ခင်းညီလာခံကိုသိမ်းကာ ခြေလှမ်းသွက်သွက်ဖြင့်ဧကရီနန်းဆောင်ကို‌လျှောက်လာလေသည်။နန်းဆောင်ထဲသို့ခြေမချခင်မှာပင်တွေ့လိုက်ရတဲ့ကြွေထည်အကွဲစတွေကြောင့် ကိုကိုသောင်းကျန်းထားမှန်းသိလိုက်သည်။မော်ဘလိတ်သက်ပြင်းချလိုက်ကာထိုကြွေကွဲစတွေကိုရှောင်ရှားလိုက်သည်။

" ကိုကို...."

ပါးလျှပြတ်ရှသောဓါးဖျားချွန်က သူတောင်သတိမထားလိုက်ခင်မှာပင် သူ့ရဲ့လည်ပင်းပေါ်သို့လျှပ်တပြတ်ရောက်ရှိလာသည်။တရားခံဘယ်သူလဲဆိုတာ ကြည့်စရာပင်မလိုပေ။ သူ့ကိုအရမ်းဒေါသထွက်နေမယ့်ကိုကိုပေါ့။


" မင်းကဘယ်သူလဲ ??"

ပုံမှန် စမ်းရေလိုအေးမြကာ ပျားရည်လိုချိုမြိန်သော စကားသံလေးဟာ ယခုတွင်တော့ အံကြိတ်ထားကာတစ်လုံးချင်းပြောလာသည့်အပြင်ဒေါသကြောင့် တုန်ယင်နေပြန်သည်။

" ကျွန်တော်က မော်ဘလိတ်လေ ကိုကိုရဲ့ "



" ငါ့ကိုသောက်ပိုတွေလာမပြောနဲ့ ! တကယ်ဘဲမင်းကဘယ်သူလဲ ??"

ဂျက်ဖရီသည် အခုချိန်ထိအပြစ်ကင်းစင်သလိုပုံစံမျိုးနဲ့ဘာမှမသိသလိုပြန်ပြောနေတဲ့မော်ဘလိတ်ကိုကြည့်ကာဒေါသထွက်လာသလိုဝမ်းလည်းနည်းမိပြန်သည်။ဒီလူဟာသူပြုစုပျိုးထောင်ထားတဲ့လူမဟုတ်ဘူး။ဟုတ်တယ် ။သူပျိုးထောင်ထားတဲ့မော်ဘလိတ်သာဆိုရင် အခုလိုသူ့ကိုအကျဥ်းချထားမှာမဟုတ်ဘူး။


" ကိုကိုကျွန်တော်ပြောတာနားထောင်..... "


" ရှေ့တိုးမလာနဲ့ !"

စကားပြောရင်းသူ့အနားသို့တိုးကပ်လာတဲ့မော်ဘလိတ်ကို ဂျက်ဖရီတားမြစ်လိုက်ပြီး လည်ပင်းပေါ်တင်ထားတဲ့ ဓါးကိုလည်း ပိုမိုအားထည့်ထားလိုက်သည်။အားထည့်တာများသွားသည်ထင် မော်ဘလိတ်ရဲ့လည်ပင်းမှာသွေးတောင်စိမ့်ထွက်လာသည်။ထိုအရာကိုမြင်တော့ဂျက်ဖရီစိတ်မကောင်းဖြစ်သွားသော်လည်း သူ့ရှေ့ကလူရဲ့သရုပ်မှန်ကဘာမှန်းမသိတာကြောင့် မျက်နှာကိုတင်းထားလေသည်။ဒါပေမယ့်လည်း သူစိတ်မကောင်းဖြစ်နေစဥ်ခနတွေဝေနေချိန်မှာ မော်ဘလိတ်ကမြန်ဆန်သောအရှိန်ဖြင့်ကိုယ်ကိိုဘေးဖက်သို့ယိမ်းလိုက်ကာဓါးဖျားကိုလက်ဖြင့်ဖမ်းကာ ဆွဲလိုက်သည်။

Blue eye (system)Where stories live. Discover now